မန်ယူက ခေါ်နေသည့် ဟမ်းမဲလ် ဒေါ့မွန်တွင် ဆက်ရှိမည်ဟု ပြော

ဓာတ်ပုံ - ရိုက်တာ
2.2K
အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက် အသင်းက ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ ဂျာမန် ဘွန်ဒစ်လီဂါ ဘရော့ရှား ဒေါ့မွန် ခံစစ်မှူး မက် ဟမ်းမဲလ်က အသင်းမှာ နောက်တနှစ် ဆက်ရှိနေမယ်လို့ ပြောပါတယ်။
အသက် ၂၆ နှစ်ရှိ ဂျာမနီ နောက်ခံလူဟာ မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ် ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
မန်ယူလို ကမ္ဘာ့ထိပ်တန်းအသင်းကြီးက ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဂုဏ်ယူစရာ ဖြစ်ပေမယ့် ဒီနှစ် မပြောင်းတော့ဘူးလို့ ဆုံးဖြတ်ထားကြောင်း ဟမ်းမဲလ်က ပြောပါတယ်။
၂၀၀၉ ခုနှစ်က ဘိုင်ယန်မြူးနစ်ကနေ ဒေါ့မွန်ကို ပြောင်းရွှေ့လာခဲ့တဲ့ ဟမ်းမဲလ်ဟာ ဒေါ့မွန်နဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိပါသေးတယ်။