A d v e r t i s e m e n t With Us

ရွေးကောက်ပွဲ ၀င်မည့် အစိုးရ၀န်ကြီးများ စတင်မဲဆွယ်စည်းရုံးနိုင်ပြီ

ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေနဲ့ ဒု-၀န်ကြီးတွေအနေနဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ်ဆိုပါက ဇူလိုင် ၈ ရက်နေ့ကစပြီး မဲဆွယ်စည်းရုံးခွင့် ရှိတယ်လို့  ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ပါတီ စည်းရုံးမဲဆွယ် လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဇူလိုင် ၈ ရက်နေ့စွဲနဲ့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။ အစိုးရ၀န်ကြီးတွေအပြင် ရွေးကောက်ပွဲမှာ ၀င်ရောက် ရွေးချယ်ခံမယ့် ပြည်ထောင်စု တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ် စသူတွေလည်း ပါတီစည်းရုံးရေးလုပ်ငန်းတွေ စတင်လုပ်နိုင်ပြီလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ်လို့ ကော်မရှင်က ကြေညာထားတာဖြစ်ပြီး ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောတာတွေ၊ မဲဆွယ်စည်းရုံးခွင့်တွေနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်လောင်းတွေ အတည်ပြုပြီးနောက် ထပ်ပြီး ထုတ်ပြန်ပေးသွားမယ်လို့လည်း ကော်မရှင်က ကြေညာထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up