A d v e r t i s e m e n t With Us

မေရီလန်းတက္ကသိုလ်အနီး ပစ်ခတ်မှု ၃ ဦး သေဆုံး (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု၊ ဘော်တီမော်မြို့၊ မေရီလန်းတက္ကသိုလ်အနီး သေနတ်သမား ၂ ဦးက လူစုထဲကို ပစ်ခတ်လို့ လူ ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲအရာရှိတဦးက ဇူလိုင် ၈ ရက်နေ့မှာ ပြောပါတယ်။ ဇူလိုင် ၇ ရက်နေ့ည ၁၁ နာရီအချိန်မှာ ဗင်ကား ၂ စီးထဲက သေနတ်သမား ၂ ဦးဆင်းလာပြီး လူစုထဲပစ်ခတ်ခဲ့တာလို့ တက္ကသိုလ်လုံခြုံရေး အာဏာပိုင်တွေက ပြောဆိုပါတယ်။ အမျိုးသားတဦးကတော့ နေရာမှာတင်သေဆုံးပြီး ကျန်အမျိုးသားတဦးနဲ့ အမျိုးသမီး တဦးကတော့ ဆေးကုသမှု ခံယူစဉ်မှာ သေဆုံးခဲ့ကြတာပါ။ ကျန်အမျိုးသမီးတဦးကတော့ ဆေးရုံတင်ထားရပါတယ်။ သေနတ်သမားတွေကို လိုက်လံစုံစမ်းဖော်ထုတ်ဆဲဖြစ်လို့ သတိနဲ့သွားလာကြဖို့ ဒေသခံတွေကို ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။ လွန်ခဲ့တဲ့ ၅ ရက်ကလည်း အခုပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ ရပ်ကွက်မှာပဲ ကားထဲကို သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သည်ဘာလ်တီမိုးဆန်း (The Baltimore Sun) သတင်းစာက ဖော်ပြခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up