အမေရိကန်တွင် တိုက်လေယာဉ် နှင့် လေယာဉ်ငယ် တိုက်မိ (ရုပ်သံ)

6.1K
အမေရိကန်ပြည်ထောင်စု တောင်ကာရိုလိုင်းနားပြည်နယ်မှာ ဇူလိုင် ၇ ရက်နေ့က စစ်တပ်သုံး တိုက်လေယာဉ်တစင်းနဲ့ လူ ၂ ဦးပါတဲ့ လေယာဉ်ငယ်တစီးတို့ ပျံသန်းနေတုန်း ၀င်တိုက်မိခဲ့ကြပါတယ်။
မနက် ၁၁ နာရီ ၀န်းကျင်လောက် ချားလ်စတန်မြို့ မြောက်ဘက်မှာ မတော်တဆ ဖြစ်ခဲ့တာလို့ ပြည်ထောင်စု လေကြောင်းထိန်းသိမ်းရေးဌာနက ပြောပါတယ်။
တိုက်လေယာဉ်မောင်းတဲ့ လေယာဉ်မှူး အသက်မသေပေမ့ယ် လေယာဉ်ငယ် Cessna C-150 ပေါ်မှာ လိုက်ပါသွားတဲ့ လူ ၂ ဦးလုံး သေဆုံးသွားတယ်လို့လည်း ပြောပါတယ်။
အလောင်းတွေကို ရှာဖွေနေသလို မတော်တဆ ဖြစ်ရတဲ့ အကြောင်းကို စုံစမ်းနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
တိုက်လေယာဉ် မောင်းတဲ့ လေယာဉ်မှူး ဗိုလ်မှူး အာရွန် ဂျွန်ဆင်ကို လောလောဆယ် ကျန်းမာရေး စစ်ဆေးနေတယ်လို့ တောင်ကာရိုလိုင်းနား အခြေစိုက် လေတပ်က ပြောပါတယ်။
လေယာဉ်မှူးဟာ သင်တန်းကာလ လေကျင့်ရေး ဆင်းနေချိန်မှာ အခုလို မတော်တဆမှု ဖြစ်တာလို့လည်း လေတပ်က ပြောပါတယ်။