A d v e r t i s e m e n t With Us

ကမ္ဘာ့ဖလားအိမ်ရှင် ဆန်းစစ်ပေးရသည့်အဖွဲ့ ဥက္ကဋ္ဌဟောင်းကို ဖီဖာ အရေးယူ

ဓာတ်ပုံ - ရိုက်တာ
၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ကမ်းလှမ်းမှုတွေကို ဆန်းစစ်ပေးရတဲ့အဖွဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ မေနီ နီခိုးလ်စ်ကို ဘောလုံးလောကနဲ့ ဆက်စပ်တဲ့ လှုပ်ရှားမှုတွေမှာ ၇ နှစ် ပါဝင်ဆောင်ရွက်ခြင်းမပြုဖို့ ဖီဖာက တားမြစ်ပိတ်ပင်လိုက်ပါတယ်။ လွတ်လပ်သော ကျင့်ဝတ်ဆိုင်ရာ ကော်မတီရဲ့ တရားစီရင်ရေးအဖွဲ့က ပိတ်ပင်လိုက်တာဖြစ်ပြီး ဘာကြောင့်ပိတ်ရတယ် ဆိုတာတော့ မဖော်ပြပါဘူး။ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ကို ရုရှားနဲ့ ကာတာနိုင်ငံတို့ ရရှိသွားတာနဲ့ ပတ်သက်ပြီး ဆွစ်ဇာလန် အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ အခု အရေးယူခံခဲ့ရတဲ့ နီခိုးလ်စ်ဟာ ချီလီဘောလုံးအဖွဲ့ချုပ်ရဲ့ ဒု-ဥက္ကဋ္ဌဟောင်း ဖြစ်ပါတယ်။ သူဟာ အိမ်ရှင်အဖြစ် ရွေးချယ်မှုမှာ အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်ပြီး ဖီဖာက သူ့ကို အပြစ်ပေးခဲ့တဲ့အတွက် ရုရှားနဲ့ ကာတာနိုင်ငံတို့ အိမ်ရှင်ဖြစ်သွားတဲ့အပေါ် သံသယတွေ ပိုတိုးစေပါတယ်။

A d v e r t i s e m e n t With Us

More News
Up