အသက် ၆၀ သက်ပြည့်ပင်စင် ဆက်သတ်မှတ်ရန် လွှတ်တော်တွင် တင်သွင်း
ပိုင်စိုး
·
July 8, 2015
နိုင်ငံ့ဝန်ထမ်းတွေ သက်ပြည့်ပင်စင် ယူရမယ့် အသက်ကို ၆၀ လို့ပဲ ဆက်လက် သတ်မှတ်ထားဖို့ အရေးကြီးအဆိုကို ဇူလိုင် ၈ ရက်နေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့ပြီး မနက်ဖြန်မှာ ဆုံးဖြတ်ပါမယ်။
လွိုင်ကော်မဲဆန္ဒနယ်က ကိုယ်စားလှယ် ဦးခင်မောင်ညို တင်သွင်းခဲ့တာဖြစ်ပြီး အလုပ်အကိုင် ရှားပါးတာ၊ ရာထူးကျပ်တည်းတာ စတာတွေ ဖြစ်လာမယ်လို့ ပြောပါတယ်။
သက်ပြည့်ပင်စင်ယူရမယ့် အသက်ကို ၆၃ နှစ် သတ်မှတ်ဖို့ ပြည်သူ့လွှတ်တော်မှာ အဆိုတင်ခဲ့တာ ရှိသလို ပြင်ပမှာလည်း သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။
မြန်မာနိုင်ငံမှာ အမြဲတမ်းခန့် ၀န်ထမ်း ၁၀ သိန်းလောက်ရှိပြီး နေ့စားဝန်ထမ်း ၃ သိန်းလောက် ရှိပါတယ်။