A d v e r t i s e m e n t With Us

မိုးပျံပူဖောင်း ၁၀၀ ကျော်စီးပြီး လေထီးဖြင့် ခုန်ချခဲ့သူ ရဲဖမ်းဆီး

ဓာတ်ပုံ - ရိုက်တာ
ကနေဒါနိုင်ငံ ဂယ်ဂါရီမြို့မှာ မိုးပျံပူဖောင်း ၁၀၀ ကျော်စီးပြီး လေထီးနဲ့ ခုန်ချခဲ့သူတဦးကို အများအန္တရာယ်ဖြစ်စေမှုနဲ့ ဇူလိုင် ၆ ရက်နေ့မှာ ရဲက ဖမ်းဆီးခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ကနေဒါနိုင်ငံသား ဒယ်နီရယ် ဘိုးရီးယား (Daniel Booria) ဟာ အကြီးစား မိုးပျံပူဖောင်း အလုံး ၁၀၀ ကျော်ကို ကုလားထိုင်မှာချီပြီး မိုးပေါ်ပျံတက် စီးနင်းခဲ့တာပါ။ ဂယ်ဂါရီမြို့မှာ တနှစ်တကြိမ် စည်စည်ကားကား ကျင်းပတဲ့ မြင်းရိုင်းစီးပွဲ ကွင်းထဲကို လေထီးနဲ့ ခုန်ချဖို့ ရည်ရွယ်ခဲ့တာလို့ ဘိုးရီးယားက ပြောပါတယ်။ ဒါပေမယ့် သူဆင်းချင်တဲ့ မြင်းရိုင်းစီးပွဲ ကွင်းထဲကို မဆင်းနိုင်ခဲ့ဘဲ ၂ ကီလိုအကွာက ကွင်းထဲကို လေထီးနဲ့ ဆင်းသက်ခဲ့ပြီး ရဲက ဖမ်းဆီးတာလည်း ခံခဲ့ရပါတယ်။ ပထမစီစဉ်တာတော့ လေယာဉ်နဲ့ပျံတက်ပြီး လေထီးနဲ့ခုန်ချဖို့ ဖြစ်ပေမယ့် ဘယ်လေယာဉ်မှူးမှ သူ့ကို မကူညီချင်တဲ့အတွက်ကြောင့် အကြီးစား မိုးပျံပူဖောင်း အမေရိကန်ဒေါ်လာ ၉၅၀၀ ဖိုးဝယ်ပြီး လုပ်ဆောင်ခဲ့တာလို့လည်း ဘိုးရီးယားက ပြောပါတယ်။ လေထီးနဲ့ ခုန်ချခဲ့တာမှာ ခြေကျင်းဝတ် အနည်းငယ် ဒဏ်ရာရရှိခဲ့ပေမယ့် ဆေးရုံကဆင်းပြီး သူ့ကို အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up