A d v e r t i s e m e n t With Us

နည်းပြ အယ်လ်လီဂရီကို ဂျူဗင်တပ်စ်အသင်း စာချုပ်သက်တမ်းတိုး

ဓာတ်ပုံ - ရိုက်တာ
ဂျူဗင်တပ်စ်အသင်းဟာ နည်းပြ အယ်လ်လီဂရီကို ၂၀၁၇ အထိ စာချုပ်သက်တမ်း တိုးလိုက်ပြီ ဖြစ်ပါတယ်။ အသက် ၄၇ နှစ်အရွယ် နည်းပြ အယ်လ်လီဂရီ ဟာ ဂျူဗင်တပ်စ်အသင်းကို စီးရီးအေဖလား၊ ကိုပါအီတာလျံဖလားနဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ သူဟာ ၂၀၁၄ က အေစီမီလန်ကနေ တနှစ် ယူရို ၂ သန်း၊ ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။ စာချုပ်သက်တမ်း တိုးနိုင်ခဲ့တဲ့အတွက် အယ်လ်လီဂရီဟာ စီးရီးအေမှာ ဒုတိယ လုပ်ခလစာ အများဆုံးရ နည်းပြ ဖြစ်လာခဲ့ပါတယ်။ အင်တာမီလန် အသင်းနည်းပြ ရောဘတ်တို မန်ချီနီက စီးရီးအေမှာ လုပ်ခလစာ အများဆုံးရ နည်းပြဖြစ်ပါတယ်။ မန်ချီနီဟာ ၂၀၁၄ မှာ အင်တာနဲ့ ၃ နှစ်စာချုပ် ချုပ်ထားပြီး ပထမနှစ်မှာ ယူရို ၃ သန်းခွဲနဲ့ နောက်နှစ်တွေမှာ ယူရို ၄ သန်းခွဲရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up