A d v e r t i s e m e n t With Us

အီရန် နျူကလီးယားအရေး ဆုံးဖြတ်ချက် အမြန်ချရန်လိုဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြော

ဓာတ်ပုံ - ရိုက်တာ
အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံတို့ကြားမှာ အီရန် နျူကလီးယားအရေး ဆွေးနွေးနေတာ သဘောတူညီချက် ရရှိနိုင်တဲ့ အခြေအနေမျိုး ရောက်နေပြီး ဆုံးဖြတ်ချက် အမြန်ချဖို့ပဲ လိုတော့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီက ဇူလိုင် ၆ ရက်နေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။ မစ္စတာ ၀မ်ရီက “ညှိနှိုင်းနေတာ တိုးတက်မှုတွေ ရှိနေသလိုပဲ။ အခက်ခဲဆုံး ကိစ္စတွေမှာလည်း လက်ခံနိုင်စရာ အဖြေမျိုး ထွက်လာဖို့ နီးစပ်နေပါတယ်။ ဒါကြောင့် အပြီးသတ် သဘောတူညီချက် ဖြစ်နိုင်တဲ့ အနေအထားမျိုးမှာ ရောက်နေတယ်။ ကျန်နေတဲ့ အချိန်မှာ အရေးကြီးဆုံးကတော့ အထူးသဖြင့် အီရန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ အနေနဲ့ ဆုံးဖြတ်ချက်ကို အမြန်ချဖို့ပဲ လိုတော့တယ်။” လို့ ပြောပါတယ်။ အမှားအယွင်းမခံတဲ့ နောက်ဆုံးအဆင့် ညှိနှိုင်းမှုကတော့ အီရန်ရဲ့ နျူကလီးယား အစီအစဉ်တွေကို ဘယ်လိုပုံစံမျိုးနဲ့ ရပ်ဆိုင်းထားမလဲ ဆိုတဲ့ကိစ္စနဲ့ အီရန်စီးပွားရေးကို ထိခိုက်စေတဲ့ အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ဘယ်လိုအချိန်မှာ ရုပ်သိမ်းပေးမလဲဆိုတဲ့ အပေးအယူကိစ္စ ဖြစ်ပါတယ်။ သဘောတူညီချက် ရရှိခဲ့ရင် ဆယ်စုနှစ်ပေါင်းများစွာ ရန်သူတွေ ဖြစ်ခဲ့ကြတဲ့ အီရန်နဲ့ အမေရိကန် ပြည်ထောင်စုကြားက သမိုင်းဝင်မှတ်တိုင်တခု ဖြစ်လာပါလိမ့်မယ်။ အီရန်ဘက်ကတော့ နျူကလီးယား သုတေသန လုပ်ငန်းတွေဟာ အရပ်ဘက်လုပ်ငန်းတွေ အတွက်ပဲ ရည်ရွယ်တယ်လို့ ပြောပေမယ့် အမေရိကန်နဲ့ မဟာမိတ်တွေဘက်ကတော့ အီရန်ဟာ နျူကလီးယား လက်နက်ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းနေတယ်ဆိုပြီး သံသယ ရှိနေပါတယ်။ သြစတြီးယားနိုင်ငံ မြို့တော် ဗီယင်နာမှာ အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံတို့ အကြိတ်အနယ် ဆွေးနွေးနေတဲ့အချိန်မှာ နိုင်ငံတကာ နျူကလီးယားစွမ်းအင် အေဂျင်စီ (အိုင်အေအီးအေ) က ကိုယ်စားလှယ်အဖွဲ့ တဖွဲ့လည်း  အီရန်နိုင်ငံ မြို့တော် တီဟီရန်ကို ရောက်နေပါတယ်။ ဒါဟာ အရင်တပတ်တုန်းက အိုင်အေအီးအေ အကြီးအကဲ ယူကီယာ အာမန်နိုရဲ့ ခရီးနောက်ပိုင်း ဒုတိယမြောက် ခရီးစဉ် ဖြစ်ပါတယ်။ အီရန် နျူကလီးယား စီမံကိန်းတွေကို အိုင်အေအီးအေက စစ်ဆေးခွင့်ရဖို့နဲ့ နျူကလီးယား သုတေသန လုပ်ငန်းတွေ အရင်က လုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်လို့ ရှင်းလင်းပေးဖို့ အင်အားကြီး ၆ နိုင်ငံဘက်က အီရန်ကို တောင်းဆိုနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up