အက်သလက်တီကို ကွင်းလယ်လူ အာဒါတူရန်ကို ဘာစီလိုနာ ခေါ်ယူ
စပိန်ထိပ်သီးကလပ် ဘာစီလိုနာဟာ အက်သလက်တီကို ကွင်းလယ်လူ အာဒါတူရန်ကို စတာလင်ပေါင် ၂၄ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရသွားပါတယ်။
အသက် ၂၈ နှစ်အရွယ် တူရကီသား တူရန်ရဲ့ ပြောင်းရွှေ့ကြေးဟာ နောက်ထပ် အပိုဆုကြေးတွေပါ ထည့်တွက်ရင်တော့ ပေါင် ၂၉ သန်းလောက် ရှိတယ်လို့ လာလီဂါ လက်ရှိ ချန်ပီယံအသင်း ပြောပါတယ်။
အာဒါတူရန်ဟာ အက်သလက်တီကို မက်ဒရစ်မှာ ၄ နှစ်ကြာ ကစားခဲ့ရာမှာ ၂၂ ဂိုး သွင်းယူပြီး ၃၂ ကြိမ် ဂိုးရအောင် ဖန်တီးပေးခဲ့ပါတယ်။
ဒါပေမယ့် ဘာစီလိုနာအသင်းဟာ ၂၀၁၅ နှစ်ကုန်အထိ ကစားသမားဝယ်ယူခွင့် အပိတ်ခံထားရတာကြောင့် တူရန်ဟာ ၂၀၁၆ ဇန်နဝါရီလရောက်မှ ဘာစီလိုနာအတွက် ကစားခွင့်ရမှာ ဖြစ်ပါတယ်။
နည်းပြ အင်နရီကေးရဲ့ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နှစ်က စပိန်လာလီဂါ ချန်ပီယံ၊ စပိန်ဘုရင့်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ရယူထားခဲ့သလို ဆီးဗီးလား တောင်ပံလူ အဲလက်ဆစ် ဗီဒယ်ကိုလည်း ပေါင် ၁၆ သန်းနဲ့ ခေါ်ယူထားပါတယ်။