မန္တလေး ရတနာပုံတက္ကသိုလ် ၇ ဇူလိုင် အောက်မေ့ဖွယ်အခမ်းအနား (ဓာတ်ပုံ)
DVB
·
July 7, 2015
မန္တလေးမြို့ ရတနာပုံတက္ကသိုလ်ဝင်းအတွင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂက ဦးဆောင်ကျင်းပတဲ့ ၅၃ နှစ်ပြည့် ဆဲဗင်း ဇူလိုင် အောက်မေ့ဖွယ် အခမ်းအနားကို ၁၀ နာရီ ၁၀ မိနစ်အချိန်က ပြုလုပ်ခဲ့ပါတယ်။ လွမ်းသူ့ပန်းခွေချ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ၁ မိနစ်ငြိမ်သက်ခဲ့ပါတယ်။ ခွင့်ပြုမိန့် မရရှိတဲ့ကြားက ဆဲဗင်း ဇူလိုင် အောက်မေ့ဖွယ်အခမ်းအနားကို ကျောင်းသား ကျောင်းသူ ၂၀ ကျော်က ၁၅ မိနစ်နီးပါးကြာ ပြုလုပ်ခဲ့ပါတယ်။
ဓာတ်ပုံ - ကျော်ဇေ