ထိုင်ဝမ်တွင် တိုင်ဖုန်းမုန်တိုင်း သတိပေးချက် ထုတ်ပြန်

တောင်တရုတ်ပင်လယ်အတွင်းက လင်ဖာ တိုင်ဖုန်းမုန်တိုင်းဟာ အခုနှစ်ရဲ့ ၁၀ ခုမြောက် မုန်တိုင်းအဖြစ် ဇူလိုင် ၉ ရက်နေ့မှာ ထိုင်ဝမ်ကျွန်းကို ဖြတ်သန်းဝင်ရောက်ဖို့ ရှိနေတာကြောင့် ထိုင်ဝမ်မှာ မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းဟာ ၁ နာရီ ၁၀ ကီလိုမီတာနှုန်းနဲ့ တောင်တရုတ်ပင်လယ်မြောက်ပိုင်းကို ဆက်လက် ရွေ့လျားနေပြီး ဇူလိုင် ၆ ရက်နေ့က ထိုင်ဝမ်တောင်ပိုင်း ကီလိုမီတာ ၃၈၀ အကွာမှာ ဗဟိုပြု တိုက်ခတ်နေတယ်လို့ ထိုင်ဝမ် မိုးလေ၀သအေဂျင်စီက ထုတ်ပြန်ပါတယ်။ အမြင့်ဆုံးလေတိုက်နှုန်း ၁ နာရီ ကီလိုမီတာ ၁၀၀ နှုန်းနဲ့ တိုက်ခတ်နေပြီး ထိုင်ဝမ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ မိုးအသည်းအသန် ရွာသွန်းနိုင်တယ်လို့ မိုးလေ၀သအေဂျင်စီက ဆိုပါတယ်။ ထိုင်ဝမ်အလယ်ပိုင်းနဲ့ မြောက်ပိုင်းမှာတော့ ပုံမှန်မိုးရွာသွန်းမှုပဲ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up