နယူးယောက်စီးတီးအသင်း ပီယာလို ကို ခေါ်ယူ

ဓာတ်ပုံ - ရိုက်တာ
2.5K
အမေရိကန် မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးအသင်းက အီတလီ ဂျူဗင်တပ် ကွင်းလယ်ဖန်တီးရှင် ပီယာလိုကို ခေါ်ယူနိုင်လိုက်ပါတယ်။
နယူးယောက်စီးတီး အသင်းဟာ အသက် ၃၆ နှစ်အရွယ် ၀ါရင့် ကွင်းလယ်ကစားသမား ပီယာလိုကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်တာ ဖြစ်ပါတယ်။
ပီယာလိုဟာ နယူးယောက်စီးတီးအသင်းကို ၂ နှစ်ခွဲစာချုပ် ပြောင်းရွှေ့သွားတာပါ။ သူဟာ အသင်းသစ်မှာ ချယ်လ်ဆီး ကွင်းလယ်ကစားသမားဟောင်း လမ်းပတ်၊ ဘာစီလိုနာ တိုက်စစ်မှူးဟောင်း ဒေးဗစ် ဗီလာတို့နဲ့အတူ တွဲဖက် ကစားရမှာပါ။
ပီယာလို အသင်းကို ရောက်လာတဲ့အတွက် ကြိုဆိုကြောင်း လမ်းပတ်က သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ရေးသားထားပါတယ်။
ပီယာလိုဟာ လာမယ့် ဇူလိုင် ၂၁ ရက်နေ့မှာ တရားဝင် ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။ သူဟာ အေစီမီလန်၊ ဂျူဗင်တပ်အသင်းတွေနဲ့အတူ စီးရီးအေ ချန်ပီယံဆု ၆ ကြိမ် ရဖူးထားပြီး ဥရောပချန်ပီယံဖလားကိုတော့ အေစီမီလန်နဲ့အတူ ၂ ကြိမ် ရထားပါတယ်။
ပီယာလိုဟာ အီတလီလက်ရွေးစင်အသင်းအတွက် ၁၁၅ ပွဲ ကစားခဲ့ပြီး ၁၃ ဂိုး သွင်းယူထားသလို ၂၀၀၆ ဂျာမနီ ကမ္ဘာ့ဖလားမှာ ချန်ပီယံဆုကို ၁ ကြိမ် ရဖူးထားပါတယ်။