A d v e r t i s e m e n t With Us

ဒလိုင်းလားမား သက်တော် ၈၀ ပြည့် မွေးနေ့ကျင်းပ

ဓာတ်ပုံ - ရိုက်တာ
တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ သက်တော် ၈၀ ပြည့် မွေးနေ့ပွဲကို ဇူလိုင် ၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိဒ်စ်မြို့မှာ ကျင်းပခဲ့ပါတယ်။ မွေးနေ့ဆုတောင်းပွဲကို နာမည်ကျော် ရုပ်ရှင်နဲ့ ဂီတအနုပညာရှင်တွေအပြင် အီရန် လူ့အခွင့်အရေးလှုပ်ရှားသူ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် Shirin Ebadi လည်း တက်ရောက်ခဲ့ပါတယ်။ ဒလိုင်းလားမားဟာ ၁၉၅၉ ခုနှစ်၊ တိဘက်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး လူထုအုံကြွမှု မအောင်မမြင် ဖြစ်ခဲ့ပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံမှာ ခိုလှုံနေထိုင်နေတာပါ။ တရုတ်အစိုးရရဲ့ ခွဲထွက်ရေး အကြမ်းဖက်အဖြစ် သတ်မှတ်ခံရပေမယ့် တိဘက်မှာ စစ်မှန်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုပဲ လိုချင်တာလို့ ဒလိုင်းလားမားက ပြောပါတယ်။ အခုနောက်ဆုံး အမေရိကန်ပြည်ထောင်စု ခရီးစဉ်မှာ သမ္မတဟောင်း ဂေျာ့ခ်ျ ဒဗလျူ ဘုရှ် (George W. Bush) နဲ့ ဒါးလက်စ်မြို့မှာ တွေ့ဆုံခဲ့ပြီး ဇူလိုင် ၆ ရက်နေ့မှာလည်း ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုခေါင်းစဉ်နဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ်မှာ ဟောပြောပွဲ ကျင်းပဖို့ ရှိပါတယ်။ “ပျော်ရွှင်စရာ ငြိမ်းချမ်းတဲ့ကမ္ဘာကြီး ဖြစ်လာဖို့ လူတွေရဲ့ အတွင်းစိတ် ငြိမ်းချမ်းမှုပေါ်မှာ အဓိကမူတည်ပါတယ်။ အခုဆိုရင် သိပ္ပံပညာရှင်တွေ၊ ပညာရေး လုပ်ဆောင်နေကြသူတွေ အပါအ၀င် လူတွေဟာ ဒီအချက်ကို ပိုပြီး ပြသလာကြတယ်။” ဘုန်းတော်ကြီး ဒလိုင်းလားမားဟာ တိဘက်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအောင် တရုတ်အစိုးရကို ငြိမ်းချမ်းတဲ့နည်းနဲ့ တောင်းဆိုနိုင်ခဲ့တဲ့အတွက် ၁၉၈၉ ခု ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up