ဂါဇာဒုက္ခသည်စခန်းမှ ခြင်္သေ့လေး ၂ ကောင် ဂျော်ဒန်ပြန်ရောက်

ဓာတ်ပုံ - အေအက်ဖ်ပီ
2.6K
ဂါဇာဒုက္ခသည်စခန်းက မိသားစုတစု အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူခဲ့တဲ့ ခြင်္သေ့လေး ၂ ကောင်ဟာ ဇူလိုင် ၅ ရက်နေ့က ဂျော်ဒန်နိုင်ငံ တောရိုင်းတိရစ္ဆာန် ဘေးမဲ့ထိန်းသိမ်းရေး စခန်းတခုဆီ ပြန်ရောက်လာခဲ့တယ်လို့ အေပီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
မနှစ်က ဟားမတ်စ် စစ်သွေးကြွအုပ်စုတွေနဲ့ အစ္စရေးနဲ့ ဂါဇာကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြောင့် ပျက်စီးခဲ့ရတဲ့ တိရစ္ဆာန်ဥယျာဉ်တခုကနေ ခြင်္သေ့ပေါက်လေး ၂ ကောင်ကို အဲဒီမိသားစုက ၀ယ်ယူခဲ့တာပါ။
မိုနာနဲ့ မက်စ်လို့ အမည်ပေးထားတဲ့ အဲဒီ ခြင်္သေ့လေး ၂ ကောင်ကို သူတို့ဟာ ရာဖာရ် နယ်စပ်ဒုက္ခသည်စခန်းမှာ ထားပြီး မွေးမြူခဲ့ပါတယ်။
ဗြိတိသျှ ပရဟိတအဖွဲ့တဖွဲ့ဖြစ်တဲ့ ခြေသည်းလေးခုအဖွဲ့မှ ဒေါက်တာ အမီရာကာလိုင်းက ခြင်္သေ့လေးတွေနဲ့ သူတို့ပိုင်ရှင်တွေဟာ ပြီးခဲ့တဲ့ရက် အစောပိုင်းမှာ ဂါဇာကနေ ထွက်လာခဲ့ကြပြီး ဇူလိုင် ၅ ရက်နေ့ ညနေမှာ ဂျော်ဒန်နိုင်ငံကို ရောက်လာခဲ့ကြတယ်လို့ ပြောပါတယ်။
ခြေသည်းလေးခုအဖွဲ့ဟာ အဲဒီခြင်္သေ့လေး ၂ ကောင်ကို အီရက်ဇ်နယ်စပ်ဂိတ်ကတဆင့် ဂါဇာအပြင်ဘက်ကို ခေါ်ယူဖို့ ပထမအကြိမ်အဖြစ် ဇူလိုင် ၃ ရက်နေ့ကတည်းက ကြိုးပမ်းခဲ့ကြပြီး ထင်မှတ်မထားတဲ့ ကြန့်ကြာမှုတွေ ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဂါဇာနယ်မြေကို ဟားမတ်စ် စစ်သွေးကြွအုပ်စုတွေ သိမ်းယူလိုက်ချိန် ၂၀၀၇ ခုနှစ်ကစပြီး အစ္စရေးနိုင်ငံနဲ့ အီဂျစ်နိုင်ငံတွေဟာ ဂါဇာဒေသတွင်း အ၀င်အထွက်လုပ်ဖို့ ကန့်သတ်ထိန်းချုပ်ခံခဲ့ ရတယ်လို့ ဆိုပါတယ်။
ဂါဇာကနေ အစ္စရေးကို ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ ကိစ္စတွေ ကိုင်တွယ်နေတဲ့ အဖွဲ့အစည်းဖြစ်တဲ့ အစ္စရေး လက်နက်ကိုင်တပ်ဖွဲ့ခွဲ ကိုဂတ်က တိရစ္ဆာန်တွေနဲ့ သူတို့နဲ့ ဆက်စပ်တဲ့သူတွေကို ကြိုတင်အကြောင်းကြားမထားခဲ့ဘဲ နယ်စပ်ဖြတ်ကျော်ခွင့် ပေးနိုင်ဖို့ သောကြာနေ့မှာ ပိတ်ခဲ့ပါတယ်။
၁ နှစ်သားအရွယ် ခြင်္သေ့လေး ၂ ကောင်ဟာ ဂါဇာကို ပြန်လည်ဝင်ရောက်ခွင့် ငြင်းပယ်ခံရအပြီးမှာ နာရီပေါင်းများစွာ ချုပ်နှောင်ခံခဲ့ရတယ်လို့ သတင်းက ဆိုပါတယ်။
ခြေသည်းလေးခုအဖွဲ့ဟာ နောက်ဆုံးတော့ ဂါဇာဟိုတယ်တခုမှာ ဖြတ်ကျော်ခွင့်ပေးမယ့် တနင်္ဂနွေနေ့ထိ စောင့်နေခဲ့ရပြီး ခြင်္သေ့လေး ၂ ကောင်ဖြစ်တဲ့ မိုနာနဲ့ မက်စ်တို့ကိုတော့ ဟိုတယ်ဥယျာဉ်ထဲမှာ သူတို့ လှောင်အိမ်တွေနဲ့အတူ ချုပ်နှောင်ထားခဲ့ရတာပါ။