ကင်တက်ကီပြည်နယ်တွင် စက်လှေမတော်တဆဖြစ်မှု လူ ၂ ဦးသေဆုံး

ဓာတ်ပုံ - ရိုက်တာ
1.9K
အမေရိကန် ပြည်ထောင်စု ကင်တက်ကီပြည်နယ် လူးဝစ်ဘဲလီမြို့ စက်လှေ မတော်တဆဖြစ်မှုမှာ ၂ ဦး သေဆုံးပြီး ၃ ဦး ပျောက်ဆုံးနေပါတယ်။
လူ ၆ ဦးကို ကယ်ဆယ်ရာမှာ ၂ ဦးက ဒဏ်ရာနဲ့၊ နောက် ၂ ဦးက သေဆုံးနေတယ်လို့ လူးဝစ်ဘဲလီ မီးသတ်ဌာန အကြီးအကဲ ဂရက် ဖက်ဒရစ်က ပြောပါတယ်။
လူ ၉ ဦးပါတဲ့ စက်လှေဟာ ည ၉ နာရီခွဲလောက်မှာ အိုးဟိုင်းယိုမြစ်ပေါ်က တံတားကို ၀င်တိုက်ခဲ့တာပါ။ ကလေးငယ် ၃ ဦး အပါအ၀င် လူ ၄ ဦးကို ဆေးရုံပို့ထားရပါတယ်။
ပျောက်ဆုံးသူတွေကို ဆက်လက် ရှာဖွေနေရာမှာ လှိုင်းကြောင့် ရေငုပ်သမားတွေက ဆက်ရှာဖွေနေပေမယ့် လှိုင်းထန်နေတာကြောင့် အခက်ကြုံနေရတယ်လို့ မီးသတ်တပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။