အနာဂတ်အတွက် စက်ရုပ်စားဖိုမှူး

မိုတိုမန်း အက်စ်ဒီအေ ၅ (Motoman SDA5) စက်ရုပ်ဟာ မီးဖိုချောင်တခွင်မှာ ဘယ်လိုသွားရမယ်ဆိုတာကို သိပါတယ်။ ဘယ်လို ရောစပ်ရမယ်၊ ခုတ်ထစ်ရမယ်နဲ့ ကြော်လှော်ရမယ်ဆိုတာ သိတဲ့အပြင် သူ့ရဲ့ အထူးခြားဆုံး စွမ်းရည်ကတော့ လူသားကို တုပထားတဲ့ လက်လှုပ်ရှားမှုပါပဲ။ သူ့ရဲ့ ကျွမ်းကျင်မှုတွေကြောင့် ဒီအမျိုးသမီးကို ရင်ခုန်သံမြန်ရပါတယ်။ "ကျမမှာ ဒီလို ခင်ပွန်းမျိုးသာ ရှိရင် သိပ်ကောင်းမှာပဲ။" မိုတိုမန်းစက်ရုပ်ဟာ ဂျပန်နိုင်ငံ စားသောက်ကုန်လုပ်ငန်းပြပွဲမှာ ပြသခဲ့ဖူးသမျှ အဆန်းသစ်ဆုံးပဲ ဖြစ်ပါတယ်။ တပ်ဆင်ရေးလိုင်းတလျှောက်မှာ ရှိနေတာတွေက တကယ့်ကို တော်လှန်ပြောင်းလဲနိုင်တဲ့ ပစ္စည်းတွေချည်းပါပဲ။ ထုတ်လုပ်ရေးမှူး ဖုရုကာဝါ ကီကိုယူက စိတ်ကူးထဲမှာတောင် မဖြစ်နိုင်ဘူးထင်ရတဲ့ ယန္တရားတခုကို ထုတ်ဖော်ပြသခဲ့ပါတယ်။ "SWITL" က ပစ္စည်းတွေကို တနေရာကနေ တနေရာကို အရည်ပဲဖြစ်ဖြစ် မုန့်နှစ်ပဲဖြစ်ဖြစ် နဂိုနေရာ မပျက်စေဘဲ ရွှေ့ပြောင်းပေးနိုင်ပါတယ်။ "ဒီစက်ကို ဟမ်ဘာဂါအချပ်တွေ ဒါမှမဟုတ် မုန့်ညက်တွေလို နူးညံ့တဲ့ ပစ္စည်းတွေကို ကော်ခပ်ပြီး မီးကင်စက် ဒါမှမဟုတ် ရေခဲသေတ္တာတွေထဲကို မူလ ပုံသဏ္ဌာန် မပျက်စေဘဲ ထည့်ပေးနိုင်ပါတယ်။" ပုံသဏ္ဌာန်အကြောင်း ပြောကြပြီဆိုရင်တော့ ဆူဇုမို စက်မှုအရောင်းဆိုင်မှာ လူတိုင်း အလွယ်တကူနဲ့ အကောင်းဆုံး ဆူရှီလိပ်ပေးနိုင်အောင် ကူညီပေးနိုင်တဲ့ စားဖိုမှူးတလက် ရှိပါတယ်။ ဒီဆူရှီစားဖိုမှူးရဲ့ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁ သောင်း ၆ ထောင် ကျသင့်မှာ ဖြစ်ပြီး ဟီရိုရှီ မွန်ဒင်းကတော့ နိုင်ငံခြားသား ဖောက်သည်တွေကို အလုံးရေ ၁ ထောင့် ၅ ရာကျော် ရောင်းချပြီးသွားပြီလို့ ဆိုပါတယ်။ "ဆူရှီက တကမ္ဘာလုံးကို ပျံ့နှံ့သွားပေမယ့် ဆူရှီစားဖိုမှူးတွေတော့ မပါဘူး။ ရှိရင်တောင် မများလှဘူး။ ဒီစက်နဲ့ ဆိုရင်တော့ ဆူရှီအလိပ်ပေါင်းများစွာကို လွယ်လွယ်နဲ့ လုပ်နိုင်မှာပါ။" ဒီနှစ်ပြပွဲမှာ ကုမ္ပဏီပေါင်း ၆၈၁ ခုက ဆန်းကျယ်သလောက် စိတ်ဝင်စားစရာ နည်းပညာတွေကို ပြသသွားမှာမို့ သေချာသာ ကြည့်ထားပေတော့။ ဒီစက်ရုပ်တွေက လူကြီးမင်းတို့နားက စားသောက်ဆိုင်ကို မကြာခင် ရောက်လာတော့မှာ မို့လို့ပါပဲ။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up