A d v e r t i s e m e n t With Us

သူရဦးရွှေမန်း မဲစာရင်း သွားရောက် ကြည့်ရှု (ဓာတ်ပုံ)

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သူ့ရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ဇေယျာသီရိမြို့နယ်မှာ ဇူလိုင် ၅ ရက်နေ့က မဲစာရင်းတွေ သွားရောက် ကြည့်ရှုခဲ့ပါတယ်
ထုတ်ပြန်ထားတဲ့ မဲစာရင်းတွေ ကွဲလွဲမှု ရှိနေတာကို သတင်းမီဒီယာတွေ၊ ဖေ့စ်ဘုတ် စာမျက်နှာတွေမှာ သိရှိရတဲ့အတွက် ကိုယ်တိုင် သွားရောက် ကြည့်ရှုတာ ဖြစ်တယ်လို့ သူရဦးရွှေမန်းက သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားထားပါတယ်။
မဲစာရင်း ကွဲလွဲမှုတွေ အမှန်တကယ် ရှိနေပြီး မဲစာရင်း ကောက်ခံဆဲ ကာလမှာ ၀န်ထမ်းတွေ ဒေသ ပြောင်းရွှေ့တာနဲ့ အသစ်ရောက်လာတာ၊ မှတ်ပုံတင် မရှိတာ၊ အိမ်ထောင်စုဇယား ပုံစံ ၆၆ မရှိတာ၊ သေဆုံးသွားသူတွေကို ပုံစံ ၆၆ ထဲမှာ နုတ်ပယ်ထားတာတွေမရှိတာကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။
ရွေးကောက်ပွဲမှာ လူတဦးချင်းစီရဲ့ မဲတမဲတိုင်းက နိုင်ငံတော် ကံကြမ္မာကို အဆုံးအဖြတ် ပေးနိုင်ပြီး ရွေးကောက်ပွဲကို တရားမျှတ၊ ပွင့်လင်းမြင်သာစွာ ကျင်းပနိုင်ရေးဟာ အရေးကြီးတဲ့အတွက် အချိန်မီ ပြင်ဆင်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဆီကို သ၀ဏ်လွှာ ပေးပို့သွားမယ်လို့လည်း သူရဦးရွှေမန်းက ရေးသားထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up