A d v e r t i s e m e n t With Us

ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲ တတိယအဆင့်တွင် အန်ဒီ မာရေး အနိုင်ရ

ဓာတ်ပုံ - the guardian
ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ  ယှဉ်ပြိုင်နေတဲ့ ၀င်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲ အမျိုးသား တဦးချင်း တတိယအဆင့်မှာ အန်ဒီ မာရေးက အန်ဒရပ်စ် ဆပ်ပီကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကစားရပြီး အနိုင်ရသွားပါတယ်။ ပထမ ၂ ပွဲကို ဗြိတိန်သား မာရေးက ၆ - ၂ နဲ့ အနိုင်ရခဲ့တာပါ။ တတိယပွဲမှာ ဆပ်ပီက အမှတ်ပြတ် ၆ - ၁ နဲ့ ပြန်လည်အနိုင်ယူသွားပါတယ်။  ဒီပွဲမှာ ဆပ်ပီ ခြေထောက်ဒဏ်ရာအတွက် ဆေးကုသမှု ခံယူခဲ့ရပါတယ်။ ၄ ပွဲမြောက်မှာ မာရေးက အိမ်ကွင်း ပရိသတ်တွေရှေ့မှာ လက်စွမ်းပြ ၆ - ၁ နဲ့ အနိုင်ယူပြီး စတုတ္ထအဆင့်ကို တက်ရောက်သွားပါတယ်။ ၀င်ဘယ်ဒန် စတုတ္ထအဆင့်မှာ မာရေးဟာ ခရိုအေးရှားက ကာလိုဗစ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up