A d v e r t i s e m e n t With Us

ဂရိကြွေးမြီကိစ္စ လူထုဆန္ဒခံယူပွဲ အများစု ကန့်ကွက်မဲပေး

ဓာတ်ပုံ - ရိုက်တာ
ဂရိကြွေးမြီကိစ္စနဲ့ ပတ်သက်ပြီး ဇူလိုင် ၅ ရက်နေ့ကလုပ်တဲ့ လူထုဆန္ဒခံယူပွဲမှာ မဲဆန္ဒရှင်အများစုက ကန့်ကွက်မဲ ပေးလိုက်ကြပါတယ်။ ဥရောပနိုင်ငံတွေက သတိပေးနေတာကို အာခံပြီး နောက်ထပ် ချွေတာရေး အစီအစဉ်တွေနဲ့ ငွေကြေး အထောက်အပံ့တွေကို ငြင်းပယ်လိုက်တာပါ။ ဒါဟာ အီးယူကနေ ဂရိနိုင်ငံ ထွက်သွားရမယ့် အခြေအနေမျိုးအထိကို ဦးတည်သွားနိုင်ပါတယ်။ မဲအားလုံးနီးပါးကို ရေတွက်ပြီးနောက် ထွက်ပေါ်လာတဲ့ ရလဒ်အရ ကန့်ကွက်မဲ ၆၂ ရာခိုင်နှုန်း ရရှိပြီး ထောက်ခံမဲ ၃၈ ရာခိုင်နှုန်း ရရှိပါတယ်။ ဒီရလဒ်ဟာ ကန့်ကွက်မဲဘက်က အနိုင်မရရင် ရာထူးကနေ နုတ်ထွက်ဖို့အထိ ရည်ရွယ်ထားတဲ့ ၀န်ကြီးချုပ် အလက်စီ စီပရက်အတွက်လည်း အောင်ပွဲဖြစ်ပါတယ်။ ကြွေးရှင်တွေရဲ့ စည်းကမ်းချက်အသစ်ဟာ ဂရိအတွက် သိက္ခာကျ အရှက်ရဖွယ်ကိစ္စ ဖြစ်တယ်ဆိုပြီး သူက ပြောခဲ့ပါတယ်။ ဒါပေမယ့် ဥရောပထဲ ဆက်နေချင်တဲ့ နိုင်ငံရေးပါတီတွေနဲ့ ယူရိုဇုန်ထဲက မူဝါဒ ချမှတ်သူတွေက ကန့်ကွက်တဲ့ဘက် အနိုင်ရခဲ့ရင် ကြွေးရှင်နိုင်ငံတွေနဲ့ ဆွေးနွေးတဲ့အခါ ပိုပြီး ခက်ခဲသွားနိုင်တယ်လို့ သတိပေးခဲ့ကြပါတယ်။ ဂရိနိုင်ငံရဲ့ လမ်းကြောင်းဟာ ဥရောပကို ကျောခိုင်းသွားတဲ့အထိ ဖြစ်သွားနိုင်တယ်လို့ သူတို့က သတိပေးခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up