A d v e r t i s e m e n t With Us

အယ်လ်အေဂလက်စီအသင်းရောက် စတီဗင်ဂျရတ် ပရိသတ်နှင့် မိတ်ဆက်ပွဲလုပ်

အမေရိကန် မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်စီအသင်းက အသစ်ခေါ်ယူထားတဲ့ ကွင်းလယ်သမား စတီဗင် ဂျရတ်ကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ လီဗာပူးကွင်း လယ်ဖန်တီးရှင် ဂျရတ်ကို ဇူလိုင် ၄ ရက်နေ့ ကစားခဲ့တဲ့ အယ်လ်အေဂလက်စီက တိုရန်တိုအက်ဖ်စီကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ မိတ်ဆက်ပေးခဲ့တာပါ။ ဂျရတ်ဟာ လာမယ့် ဇူလိုင် ၈ ရက်နေ့မှာ အယ်လ်အေဂလက်စီ ကစားသမားအဖြစ် တရားဝင် ရောက်ရှိမှာဖြစ်ပြီး ကျောနံပါတ် ၈ ကို ၀တ်ဆင်ရမှာ ဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ် ၀ါရင့် ကွင်းလယ်ကစားသမားဟာ မက္ကဆီကိုကလပ် အမေရိကားအသင်းနဲ့ ခြေစမ်းမယ့် ဇူလိုင် ၁၁ ရက်နေ့ ပွဲစဉ်မှာ ပွဲဦးထွက် ကစားရမှာ ဖြစ်ပါတယ်။ ဂျရတ်ဟာ အသက် ၉ နှစ်အရွယ် ငယ်စဉ်ဘ၀ကတည်းက လီဗာပူးမှာ ကစားခဲ့တဲ့ ငယ်မွေးခြံပေါက် ကစားသမားလည်း ဖြစ်ပါတယ်။ ဂျရတ်ဟာ တိုရန်တိုကို ၄ ဂိုးပြတ်နဲ့ နိုင်တဲ့ပွဲကို ကြည့်ရှုခဲ့ပြီး အဲဒီပွဲမှာ လီဗာပူး အသင်းဖော်ဟောင်းနဲ့ လက်ရှိ အယ်လ်အေဂလက်စီ တိုက်စစ်မှူး ရော်ဘီကိန်းက ဟက်ထရစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up