စပိန်က နွားရိုင်းသတ်ပွဲကို တရိစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများ ဆန္ဒပြ

5.4K
တရိစ္ဆာန်တွေကို ကျင့်ဝတ်နဲ့အညီ ဆက်ဆံသူတွေနဲ့ တရိစ္ဆာန် အခွင့်အရေး လှုပ်ရှားသူတွေက သွေးနဲ့ အလားတူတဲ့ အရည်တွေကို သုတ်လိမ်းပြီး အပေါ်ပိုင်းဗလာနဲ့ မြေပေါ်မှာ အိပ်ကာ နွားရိုင်းသတ်ပွဲကို ဆန့်ကျင်ခဲ့ပါတယ်။
စပိန်နိုင်ငံမြောက်ပိုင်းမြို့တော် ပန်လိုနာမှာ ဆန်ဖာမင်ပွဲတော် ကျင်းပဖို့ ၂ ရက် အလို အခုလို ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။
တက်ကြွလှုပ်ရှားသူ ၅၀ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ပြီး ဒီပွဲတော်ကြောင့် နွားရိုင်း အကောင် ၅၀ လောက် သေဆုံးမယ့် အရေးကို ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။
ပွဲတော်အတွင်း ကျင်းပတဲ့ နွားရိုင်းပြေးပွဲမှာတော့ သတ်မှတ်နေရာမှာ နွားရိုင်းတွေကို လူတွေနဲ့ အတူ ပြေးခိုင်းပြီး နောက်ဆုံး သတ်ဖြတ်သလို သီးခြား နွားရိုင်းသတ်ပွဲတွေလည်း ပွဲတော်ရဲ့ တစိတ်တပိုင်းအနေနဲ့ ကျင်းပလေ့ရှိပါတယ်။
ဒီပွဲတော်ကို ဇူလိုင် ၆-၁၄ ရက်အထိ ကျင်းပခဲ့တာ ဖြစ်ပြီး ကမ္ဘာတ၀န်းက သန်းချီတဲ့ လူတွေ ပါဝင်ဆင်နွှဲလေ့ရှိပါတယ်။
