Home
သတင်းဓာတ်ပုံ
သြစတြီးယားက ခန္ဓာကိုယ်အလှဆင် အနုပညာပြိုင်ပွဲ (သတင်း ဓာတ်ပုံ)
DVB
·
July 5, 2015
၂၀၁၅ ခုနှစ် ကမာ့္ဘခန္ဓာကိုယ် အလှဆင် ပွဲတော်ကို သြစတြီးယားနိုင်ငံ တောင်ပိုင်း ကာရင်သီယာ ခရိုင်မှာ စတင်ကျင်းပနေပါတယ်။ ဇူလိုင် ၃ ရက်ကနေ ၅ ရက်အထိ ကျင်းပတဲ့ ပြိုင်ပွဲကို ကမ္ဘာတ၀န်း နိုင်ငံ ၅၀ က အနုပညာရှင်တွေ တက်ရောက်ခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်ကနေ စတင်ပြီး ဒီပြိုင်ပွဲကို နှစ်စဉ် သြစတြီးယားမှာ ကျင်းပလာတာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ခန္ဓာကိုယ် အလှဆင်တဲ့ သင်တန်းတွေပို့ချတဲ့ ဒဗျလျူဘီ အကယ်ဒမီက လုပ်ဆောင်တာ ဖြစ်ပါတယ်။ ပွဲတော်အတွင်းမှာ ဒီအကယ်ဒမီက အလုပ်ရုံဆွေးနွေးပွဲနဲ့ အနီးကပ် သင်တန်းတွေကိုလည်း ကျင်းပနေပါတယ်။ ဓာတ်ပုံ - ရိုက်တာ  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024