Home
မြန်မာသတင်း
အစိုးရနှင့်ဒီကေဘီအေ တိုက်ပွဲကြောင့် ဒေါနတောင်ပတ်လမ်းဟောင်း ပြန်ဖွင့်
DVB
·
July 5, 2015
အစိုးရစစ်တပ်နဲ့ ဒီကေဘီအေတို့ တိုက်ပွဲတွေကြောင့် မြ၀တီ-ကော့ကရိတ် သွားတဲ့လမ်းတွေ ပိတ်ထားရပြီး ဇူလိုင် ၅ ရက်နေ့မှာ ဒေါနတောင်ပတ်သွားရတဲ့ လမ်းဟောင်းကို ပြန်လည် ဖွင့်လှစ် ပေးလိုက်ပါတယ်။ အခုလို လမ်းဟောင်းကို ဖွင့်နိုင်ဖို့အတွက် အစိုးရစစ်တပ်၊ ပြည်နယ်အစိုးရ၊ ဒီကေဘီအေ၊ နယ်ခြားစောင့်တပ်နဲ့ ကေအန်ယူတို့ ကော့ကရိတ်မှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာ အစိုးရစစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ဒီကေဘီအေ ရှိရာဘက်ကို လှမ်းပစ်တာတွေ ရှိတယ်လို့ ဆိုပါတယ်။ လမ်းဟောင်းကို ဖွင့်လှစ်လိုက်ပေမယ့် ခရီးသွားတွေ၊ ကုန်သည်တွေက ကားတွေကို အသုံးပြုတာနည်းပြီး ဆိုင်ကယ် တက္ကဆီတွေနဲ့ သွားလာတာတွေ ရှိတယ်လို့ သွားရောက် သတင်းယူတဲ့ ဒီဗွီဘီ သတင်းထောက်က ပြောပါတယ်။ အသစ်ဖွင့်တော့မယ့် အာရှ အဝေးပြေးလမ်းမကြီးကတော့ တိုက်ပွဲတွေစတင် ဖြစ်ပွားတဲ့ ဇူလိုင် ၂ ရက်နေ့ကတည်းက ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ အန္တရာယ်ဖြစ်စေသလို ခရီးသွားရာမှာလည်း ကြံ့ကြာခဲ့ရပြီး ဇူလိုင်  ၄ ရက်နေ့တုန်းက ဆိုင်ကယ်စီးလားတဲ့ ခရီးသွား လင်မယား ၂ယောက် အပစ်ခံရလို့ ကော့ကရိတ် ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။ လမ်းဟောင်းကို အတက်တရက်၊ အဆင်းတရက် သတ်မှတ်ထားပြီး ဇူလိုင် ၅ ရက်နေ့ကတော့ ကော့ကရိတ်ကနေ မြ၀တီကို သွားတဲ့ အတက်နေ့  ဖြစ်ပါတယ်။ ဇူလိုင်လအတွင်းမှာ မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးအသစ်ကို ဖွင့်လှစ်ဖို့ရှိနေပြီး အစိုးရတပ်တွေ လုံခြုံရေး ပိုမိုတိုးမြှင့် ချထားသလို ဖွင့်ပွဲအတွက် နေရာပြင်ဆင်မှု ရှိနေချိန်မှာ ခုလို တိုက်ပွဲဖြစ်ပွားခဲ့တာပါ။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024