A d v e r t i s e m e n t With Us

ကိုပါဖလားဗိုလ်လုပွဲ ချီလီ ၄-၁ အာဂျင်တီးနား (ရုပ်သံဟိုက်လိုက်)

ဇူလိုင် ၄ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ကိုပါဖလား အမေရိကားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ချီလီက အာဂျင်တီးနားကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ ချီလီက အိမ်ကွင်း ပရိသတ်တွေရှေ့မှာ ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူနိုင်ခဲ့သလို ထိုးဖောက် ကန်သွင်းခွင့်တွေလည်း ပိုရခဲ့တာပါ။ ချီလီက ဆန်းချက်နဲ့ အာဂျင်တီးနားက ဟီဂူရီရန်တို့ ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ ပွဲချိန် မိနစ် ၉၀ နဲ့ အချိန်ပိုတွေ ဂိုးမရှိ သရေကျနေလို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။ ပင်နယ်တီမှာ အာဂျင်တီးနားဘက်က တိုက်စစ်မှူး မက်ဆီက လွဲလို့ ကျန်တဲ့သူတွေ ဂိုးမ၀င်လို့ ချီလီက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။ ချီလီအတွက်တော့ ကိုပါဖလား ချန်ပီယံဆုကို သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဆွတ်ခူးနိုင်တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up