A d v e r t i s e m e n t With Us

ပျောက်ဆုံး ဗြိတိန်ဆယ်ကျော်သက် ၂ ဦးကို အိုင်အက်စ်သိမ်းပိုက်မြို့တွင် တွေ့ရှိ

၂၀၁၅ ဖေဖော်ဝါရီလ နှောင်းပိုင်းက ဆီးရီးယားကို သွားရောက်တယ်လို့ ယူဆထားတဲ့ ဗြိတိန်က ဆယ်ကျော်သက် ၃ ဦးအနက် ၂ ဦးကို အစ္စလာမ္မစ် (အိုင်အက်စ်) မြို့တော်မှာ တွေ့ရှိခဲ့ပါတယ်။ လန်ဒန် ဘက်နာဂရင်း ကျောင်းက အသက် ၁၅ နှစ် ရှာမီမာ ဘီကမ်၊ အာမီရာအာဘေ့စ်နဲ့ အသက် ၁၆ နှစ် ကာဒီဇာ ဆူလ်တန် ၃ ဦးဟာ တစုံတရာ အကြောင်းမကြားဘဲ အိုင်အက်စ်တိုက်ခိုက်ရေးသမားတွေကို လက်ထပ်ဖို့ ပျောက်ဆုံးသွားသလို နောက်ပိုင်း တူရကီမှာ ဆင်းသက်ခဲ့တယ်လို့ ဆိုပါတယ်။ ဆီးရီးယားနိုင်ငံ မြောက်ပိုင်းက အိုင်အက်စ်မြို့တော် ရာကွာမှာ တက်ကြွလှုပ်ရှားသူတဦး ဧပြီက ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုဖိုင်မှာ ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ တကိုယ်လုံးကို ဖုံးအုပ်ထားတဲ့ ၀တ်စုံကို ဆယ်ကျော်သက် ၃ ဦးထဲက ၂ ဦးဟာ သူတို့ကို ထိန်းသိမ်း ကိုင်တွယ်နေတဲ့ အမျိုးသမီး အဖော်တဦးနဲ့ အတူ ကုန်စုံဆိုင်မှာ ဈေးဝယ်နေတဲ့ ဗွီဒီယိုဖိုင်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အိုင်အက်စ်တိုက်ခိုက်ရေးသမားတွေဆီက ဆယ်ကျော်သက်တွေ အပြင်ထွက်တဲ့ သတင်းတွေကို ရရှိပြီး တက်ကြွလှုပ်ရှားသူတွေက ရိုက်ယူခဲ့တာလို့ တယ်လီဂရပ်သတင်းမှာ ရေးပါတယ်။ အရင်လက အိုင်အက်စ် တပ်ဖွဲ့ကို စွန့်ခွာလာတဲ့ အဆင့်မြင့် အရာရှိ တဦးက ဒီအမျိုးသမီး ၃ ဦးကို အထူး တာဝန်ပေးဖို့ အတွက် လေ့ကျင့်ထားပြီး အရှေ့အလယ်ပိုင်းမှာ သေဆုံးသွားနိုင်တယ်လို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up