A d v e r t i s e m e n t With Us

အမျိုးသမီးကမာ့္ဘဖလား အကောင်းဆုံးကစားသမား ဆန်ကာတင်စာရင်း ဖီဖာထုတ်ပြန်

ကနေဒါနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၅ အမျိုးသမီး ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲ အကောင်းဆုံး ကစားသမားဆုတွေအတွက် ဆန်ကာတင်စာရင်းကို ဖီဇာက ထုတ်ပြန်လိုက်ပါတယ်။ အကောင်းဆုံး အမျိုးသမီး ကစားသမားဆုအတွက် ချီးမြှင့်မယ့် အက်ဒီးတပ် ရွှေဘောလုံးဆု၊ အကောင်းဆုံး ဂိုးသမားဆုအတွက် ချီးမြင့်မယ့် ရွှေလက်အိပ်ဆုနဲ့ ဟွန်ဒိုင်း လူငယ်ကစားသမားဆုအတွက် ရွေးချယ်ထားတဲ့ စာရင်းကို ဇူလိုင် ၂ ရက်က ထုတ်ပြန်ပါတယ်။ ဖီဖာ နည်းပညာဆိုင်ရာ လေ့လာရေးအဖွဲ့က တင်သွင်းတဲ့ စာရင်းမှာတော့ ရွှေဘောလုံးဆု အတွက် ကစားသမား ၈ ဦး၊ ရွှေလက်အိတ်ဆုအတွက် ၃ ဦး၊ ဟွန်ဒိုင်း လူငယ်ကစားသမား ဆုအတွက် ၃ ဦးကို ရွေးချယ်ထားပါတယ်။ ရွှေဘောလုံးဆုအတွက် ရွေးချယ်ထားတဲ့ စာရင်းမှာတော့ ဂျပန် အမျိုးသမီး ဘောလုံးသမား ဆာအိုရီ အာရီယိုရှီနဲ့ အာယာမီယာမတို့ ပါဝင်သလို အမေရိကန်က ဂျူလီ ဂျွန်တန်၊ ကာလီ လော့ဒ်၊ မီဂန် ရက်ပီနိုတို့ ရွေးချယ်ခံထားရပါတယ်။ ဒါ့အပြင် ဂျာမနီက ဆီလီယာ ဆာဆစ်၊ ပြင်သစ်က အာမန်ဒိုင်း ဟန်နရီနဲ့ အင်္ဂလန်က လူစီ ဘရောင်းတို့ကို ရွေးချယ်ထားပါတယ်။ ရွှေလက်အိတ်ဆုအဖြစ် ဂျာမနီက နာဒိုင် အန်ဂါရာ၊ ဂျပန်က အာယူမီ ခိုင်ဟိုရီနဲ့ အမေရိကန်က ဟုတ် ဆိုလိုတို့ကို ရွေးချယ်ထားပါတယ်။ ၁၉၉၅ ဇန်န၀ါရီ ၁ ရက်နောက်ပိုင်း မွေးဖွားတဲ့ ဟွန်ဒိုင်း လူငယ်ကစားသမား ဆုအတွက် ကနေဒါက ခါဒိုင်းရှာ ဘူချာနန်၊ နော်ဝေက အက်ဒါ ဟီဂါဘတ်ခ်နဲ့ တရုတ်က ဂျိုင်းလီတန်တို့ကို ရွေးချယ်ခဲ့ပါတယ်။ ဒီဆုတွေအားလုံးအတွက် ဖီဖာ နည်းပညာဆိုင်ရာ လေ့လာရေး အဖွဲ့က ဆုံးဖြတ်မှာ ဖြစ်ပြီး ဇူလိုင် ၅ ရက် ဗိုလ်လုပွဲမှာ ကြေညာသွားမှာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up