A d v e r t i s e m e n t With Us

ရှက်တာ ဒိုးနပ်တိုက်စစ်မှူး ကော်စတာကို ဘိုင်ယန်ခေါ်

ဂျာမနီ ဘွန်ဒစ်လီဂါက ဘိုင်ယန်မြူးနစ်ကလပ် အသင်းဟာ ယူကရိန်း ရှက်တာ ဒိုးနပ် အသင်းက တိုက်စစ်မှူး ဒေါ့ကလပ် ကော့စတာကို ပေါင် ၂၁.၃ သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။ ၂၀၂၀ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်နဲ့ ဘရာဇီးလ် တိုက်စစ်မှူး ကော်စတာကို ခေါ်ယူလိုက်တာ ဖြစ်ပြီး အသင်းမှာ ကျောနံပါတ် ၁၁ ကို ၀တ်ဆင်ကစားရမှာ ဖြစ်ပါတယ်။ “ဒီနေ့ အိမ်မက်တွေ တကယ်ဖြစ်လာပါပြီ၊ အရင်က နာမည်ကြီး ဘရာဇီး ဘောလုံးသမားတွေ ကစားတဲ့ ဘိုင်ယန်အတွက် ကစားရတာ ဂုဏ်ယူစရာပါ” လို့ ကော်စတာက ပြောပါတယ်။ ရော်ဘင်နဲ့ ရစ်ဘာရီတို့ အရင်နှစ်က ဒဏ်ရာပြဿနာ ကြောင့် ရုန်းကန်နေရတဲ့ နည်းပြ ပက်ဂွါဒီအိုလာအတွက် ကော်စတာက ရွေးချယ်စရာ တခု ဖြစ်လာမှာ ဖြစ်ပါတယ်။ ဘိုင်ယန် အားကစား ဒါရိုက်တာ မာသီးယပ် ဆန်မာကတော့ ကော်စတာဟာ အရည်အသွေးရှိတဲ့ ကစားသမားဖြစ်သလို ဘယ်ခြေရဲ့ ကန်ချက်ဟာ ပြင်းပြီး အလွန်မြန်တဲ့ ကစားသမားလို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up