A d v e r t i s e m e n t With Us

အစိုးရနှင့်ဒီကေဘီအေတိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်း လုံခြုံရေးတင်းကျပ် (ရုပ်သံ)

မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်း မဲဆောက်မှာ လျှပ်တပြတ်စီးနင်းတိုက်ခိုက်ရေး ရိန်းဂျား တပ်ဖွဲ့ဝင်တွေကို ထိုင်းစစ်တပ်က ဇူလိုင် ၄ ရက်နေ့မှာ ချထားလိုက်ပါတယ်။ မြန်မာအစိုးရနဲ့ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်တို့အကြား ဖြစ်ပွားတေဲ့ တိုက်ပွဲတွေကြောင့် ကြိုတင်ဟန့်တားဖို့အတွက် ချထားတဲ့ ဒီတပ်ဖွဲ့တွေကို အနီးကပ်စီမံကွပ်ကဲနေတယ်လို့ ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ့် သတင်းက ရေးပါတယ်။ အရင်ရက်ပိုင်းက မြ၀တီနဲ့ ကော့ကရိတ်ကြားက အာရှ အဝေးပြေး လမ်းပေါ်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အာရှအဝေးပြေးလမ်းမပေါ်မှာ ချထားတဲ့ ဒီကေဘီအေဂိတ်တွေကို ပြီးခဲ့တဲ့တပတ်လောက်က ဖယ်ရှားပေးဖို့ ပြောဆိုရာကနေ အဆင်မပြေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ အစိုးရတပ်နဲ့  ဒီကေဘီအေတပ်တွေအကြား တိုက်ပွဲတွေကြောင့် ခရီးသွားပြည်သူတွေ အခက်တွေ့နေရပါတယ်။ အတည်မပြုနိုင်တဲ့ သတင်းတွေအရ လမ်းပိုင်းတချို့ကို ပိတ်ထားတယ်လို့ ဆိုပါတယ်။ ဒီလမ်းကြောင်းဟာ အရှေ့အနောက် စီးပွားရေး ကော်ရစ်တာရဲ့ တစိတ်တပိုင်းဖြစ်ပြီး မြန်မာကနေ ထိုင်းလာအိုကို ဖြတ်ကာ ဗီယက်နမ်ကို ဆက်သွယ်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up