ဖိလစ်ပိုင် ကူးတို့သင်္ဘောနစ်မြုပ်မှု သေဆုံးသူ ၄၁ ဦးရှိပြီ

1.7K
ဖိလစ်ပိုင်မှာ ကူးတို့သင်္ဘော နစ်မြုပ်မှုအတွင်း သေဆုံးသူ ၄၁ အထိ ရှိလာပြီလို့ ကမ်းခြေစောင့်တပ်နဲ့ ရဲအဖွဲ့က ဇူလိုင် ၂၃ ရက်နေ့က ပြောပါတယ်။
ရာသီဥတု ဆိုးနေတာကြောင့်လည်း ပျောက်ဆုံးနေတဲ့ ၁၂ ဦးကို ရှာဖွေရတာ ခက်ခဲနေတယ်လို့ ပြောပါတယ်။
ဇူလိုင် ၂၂ ရက်က နစ်မြုပ်သွုားတဲ့ ကူးတို့ သင်္ဘောပေါ်မှာ လူ ၁၈၇ ယောက် လိုက်ပါခဲ့ပြီး ၁၃၄ ယောက်ကတော့ အသက်ရှင်ခဲ့ပါတယ်။
အသက်ရှင် လွတ်မြောက်လာသူတွေရဲ့ အပြောအရ သင်္ဘောဟာ မမှောက်ခင်မှာ ညာဘက်ကို တိမ်းစောင်းခဲ့ပြီး လှိုင်းကြီးတလုံး ရိုက်တဲ့ ဒဏ်ကိုလည်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။
သင်္ဘောမတော်တဆဖြစ်ရတဲ့ အကြောင်းရင်းကို တရားဝင် စုံစမ်းမှုတဲ့ လုပ်ငန်းစဉ်ကို ဇူလိုင် ၂၃ ရက်နေ့မှာ စတင်လိုက်တယ်လို့ ကမ်းခြေစောင့်တပ်ဖွဲ့ပြောခွင့်ရသူက ဖိလစ်ပိုင် ရေဒီယိုတခုကို ပြောပါတယ်။