A d v e r t i s e m e n t With Us

ကိုပါဖလား တတိယလုပွဲ ပီရူး ၂-၀ ပါရာဂွေး (ရုပ်သံဟိုက်လိုက်)

ချီလီနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၅ ခုနှစ် ကိုပါအမေရိက ဘောလုံးပြိုင်ပွဲမှာ ပီရူးအသင်းက တတိယနေရာ ရရှိသွားပါတယ်။ ဇူလိုင် ၃ ရက်မှာ ကစားသွားတဲ့ တတိယလုပွဲမှာ ပီရူးအသင်းက ပါရာဂွေးအသင်းကို သက်တောင့်သက်သာ ကစားပြီး ၂ဂိုး ဂိုးမရှိနဲ့ အနိုင်ရ တတိယနေရာ ရသွားတာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်ပေမယ့် ဒုတိယပိုင်း ၄၈ မိနစ်မှာတော့ အန်ဒရီ ကာရီလိုနဲ့ ၈၉ မိနစ်မှာ ပေါ်လို ဂူရီလိုတို့က သွင်းယူသွားတာ ဖြစ်ပါတယ်။ ဒီပွဲမှာ ပီရူးအသင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူပြီး ကစားသွားတာလည်း ဖြစ်ပါတယ်။ ပီရူးနည်းပြ ရီကာဒို ဂါရီဆာကတော့ သူရဲ့ ကစားသမားတွေကို ချီးကျူးလိုက်ပြီးနောင်မှာ ဒီထက်ပိုမို တိုးတက်ဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။ "ဒုတိယပိုင်းမှာတော့ ကျနော်တို့ ပိုကောင်းအောင် ပြောင်းလဲနိုင်ခဲ့ပြီး ထိုက်ထိုက်တန်တန် အနိုင်နဲ့ အဆုံးသတ်နိုင်တယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။ ဇွန် ၅ ရက် မြန်မာ စံတော်ချိန် မနက် ၃ နာရီခွဲမှာ ၂၀၁၅ ခုနှစ် ကိုပါအမေရိကဖလား ဘောလုံးပြိုင်ပွဲရဲ့ နောက်ဆုံး ဗိုလ်လုပွဲ အဖြစ် အိမ်ရှင် ချီလီနဲ့ အာဂျင်တီးနား အသင်းတို့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။  

A d v e r t i s e m e n t With Us

More News
Up