A d v e r t i s e m e n t With Us

ဖယ်လ်ကာအိုကို အငှားဖြင့် ချဲလ်ဆီးခေါ်

အင်္ဂလန် ပရီးမီးယားလိဂ်က ချဲလ်ဆီးအသင်းဟာ ပြင်သစ် မိုနာကို အသင်းက တိုက်စစ်မှူး ဖယ်လ်ကာအိုကို တရာသီ အငှား စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ စာချုပ်မှာ အမြဲတမ်းခေါ်ယူနိုင်ဖို့ အခွင့်အရေးကိုလည်း ထည့်သွင်းထားပါတယ်။ အသက် ၂၉ နှစ် ကိုလံဘီယာ တိုက်စစ်မှူးဟာ အရင်ဘောလုံး ရာသီက မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းမှာ တရာသီ ကစားခဲ့ရာမှာ ၂၉ ပွဲမှာ ၄ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြနိုင်ရေး ရုန်းကန်ခဲ့ရပါတယ်။ ချဲလ်ဆီးကို ပြောင်းရတာကို ပျော်ရွှင်မိသလို လေ့ကျင့်ရေးဆင်းဖို့ မစောင့်နိုင်တော့ဘူးလို့ ဖယ်လ်ကာအိုက ပြောပါတယ်။ ဖယ်လ်ကာအိုဟာ စပိန်အက်သလက်တီကို မက်ဒရစ်ကနေ ချဲလ်ဆီးကို ရောက်နေတဲ့ ကစားသမားတွေ ဖြစ်တဲ့ ဒီယေဂို ကော်စတာ၊ ဖီလစ်ပီ လူးဝစ်တို့နဲ့ချိတ်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။ ကော်စတာနဲ့ တွဲပြီး အက်သလက်တီကိုမှာ ဖယ်လ်ကာအိုက ကစားခဲ့ဖူးသလို ၂၀၁၃ ကိုပါဒီရေးလ် ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းကို အနိုင်ရပြီး ဗိုလ်စွဲခဲ့ပါတယ်။ ၂၀၀၉ ကနေ ၂၀၁၁ အက်သလက်တီကို မရောက်ခင် ပေါ်တို အသင်းအတွက် ၇၂ ပွဲမှာ ၆၂ ဂိုး သွင်းယူပေးခဲ့သလို အက်သလက်တီကိုနဲ့ ၈၆ ပွဲမှာ  ၆၈ ဂိုး သွင်းယူပေးတဲ့အတွက် ၂၀၁၃ ခုနှစ်မှာ မိုနာကိုက ပေါင် သန်း ၅၀ နဲ့ ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up