Home
မြန်မာသတင်း
ကုလတွင် အိုအိုင်စီ တင်ပြချက် မြန်မာ ပယ်ချ
DVB
·
July 4, 2015
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ အစည်းအဝေးမှာ တင်သွင်းတဲ့ ဆုံးဖြတ်ချက် အဆိုမူကြမ်းကို မြန်မာအစိုးရက ကန့်ကွက်လိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပနေတဲ့ (၂၉) ကြိမ်မြောက် ပုံမှန် အစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် အဆိုမူကြမ်းကို ချမှတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက် အဆိုမူကြမ်းဟာ မြန်မာရဲ့ အချုပ်အခြာအာဏာကို ထိပါးရာရောက်သလို မြန်မာ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး မဟုတ်မမှန် စွပ်စွဲချက်တွေ ပါဝင်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၃ ရက်က ထုတ်ပြန်လိုက်ပါတယ်။ စီရင်ပိုင်ခွင့်ကို ၀င်ရောက် စွက်ဖက်တာ၊ မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှု ရှိနေတာကို အထင်အမြင် လွဲမှားစေတဲ့ ဖော်ပြချက်တွေ ပါဝင်တဲ့အတွက် မမျှတတဲ့ ဆောင်ရွက်ချက်ဖြစ်သလို ဘာသာရေးကိစ္စအတွက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို အသုံးချ အမြတ်ထုတ်မှုတခု ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။ ဒါ့အပြင် အဆိုမူကြမ်းကြောင့် နိုင်ငံအတွင်း မတူညီသော ဘာသာကိုးကွယ်သူတွေ အကြားမှာ ရှိနေတဲ့ ငြိမ်းချမ်း ညီညွတ်မှုကို ထိခိုက်ပျက်ပြားဖို့ ကြိုးပမ်းမှုတခုအဖြစ် သုံးသပ်တယ်လို့လည်း ဆိုပါတယ်။ အဆိုမူကြမ်းမှာ ပါဝင်တဲ့ မြန်မာနိုင်ငံက လက်မခံတဲ့ အသုံးအနှုန်းနဲ့ ဆုံးဖြတ်ချက်မူကြမ်းမှာ ရေးသားထားတဲ့ အပိုဒ်တပိုဒ်ချင်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ်က ပြင်းထန်စွာ ကန့်ကွက်ပယ်ချတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024