A d v e r t i s e m e n t With Us

ချေးငွေစရိတ်လျှော့ချရန် ရွေ့လျားအိမ်ဆောက်သည့် တက္ကသိုလ်ကျောင်းသား

ပညာရေးပြီးဆုံးသည်အထိ နေထိုင်ပြီး ချေးငွေစရိတ်မကုန်ပဲ ပညာဆက်လက်သင်ယူနိုင်ဖို့ ရည်ရွယ်ပြီး တက္ကသိုလ်ကျောင်းသားတဦးဟာ ၁၄၅ ပေပတ်လည် ရွေ့လျားအိမ်တလုံးကို ကိုယ်တိုင်တည်ဆောက်ခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ်ဂျိုဝယ်ဗာဟာ ဒီနှစ်ဆောင်းဦးရာသီမှာ အော်စတင်အရပ်က တက္ကဆက်တက္ကသိုလ်မှာ တတိယနှစ် စတင်တက်ရောက်ရတော့မှာပါ။ ကျောင်းအနီးမှာ နေထိုင်ဖို့ လစဉ်ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၈၀၀ (၅၁၅ ပေါင်) လောက် ကုန်ကျတာကို လျှော့ချနိုင်ဖို့အတွက် သူက ဒီအိမ်ကို တည်ဆောက်ခဲ့တာပါ။ တခြားကျောင်းသားတွေနဲ့မတူပဲ သူက ချေးငွေအသုံးစရိတ်တွေနဲ့ ၀န်ထုပ်ဝန်ပိုးမဖြစ်ချင်တဲ့အတွက် အမေရိကန်ဒေါ်လာ ၂၀၀၀၀(ပေါင် ၁၂၈၀၀)ကုန်ကျတဲ့ ကိုယ်ပိုင်အိမ်လေးကို တည်ဆောက်ခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။ ထပ်ခိုးနှစ်ခုပါဝင်တဲ့ သူ့ရဲ့အိမ်ဟာ ရေပိုက်သွယ်တန်းမှု၊ လျှပ်စစ်သွယ်တန်းမှုစနစ်၊ ရေချိုးခန်း၊ မီးဖို စတာတွေ ပါဝင်ပြီး ကိုယ်ပိုင်စုဆောင်းငွေတွေနဲ့ ဒေသခံတွေရဲ့ကူညီမှုတွေနဲ့ တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ အိမ်ရဲ့ဒီဇိုင်းကို သူကိုယ်တိုင်ဆွဲခဲ့တာဖြစ်ပြီး ဆောက်လုပ်တဲ့နေရာမှာတော့ စေတနာ့ဝန်ထမ်း လက်သမားတွေနဲ့ လျှပ်စစ်ကျွမ်းကျင်သူတွေက အကူအညီပေးခဲ့ကြတယ်လို့ အေဘီစီသတင်းဌာနကို ပြောပါတယ်။ အခုတော့ သူဟာ အိမ်ကို ထိန်းသိမ်းစောင့်ရှောက်နေပြီး အပိုကုန်ကျစရိတ်တွေကို တတ်နိုင်သမျှလျှော့ ချနေတယ်လို့ ပြောပါတယ်။ နေထိုင်မှုဝန်းကျင်နဲ့ပတ်သက်ပြီး အယူအဆတချို့ ရှိပေမယ့် ဂျိုဝယ်ဗာကတော့ သူ့အိမ်ထဲနေရတာကို အကောင်းမြင်စိတ်နဲ့ သူ့ကိုပိုပြီး ပျော်ရွှင်တက်ကြွစေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ သူ့ရဲ့ရွေ့လျားအိမ်ကို သူ့ရဲ့ဇာတိမြို့ ဒါလက်စ်မှာ ထားတာဖြစ်ပြီး နွေရာသီအပြီးမှာတော့ ဒီအိမ်သစ်လေးကို သူတက်ရမယ့် တက္ကသိုလ်ရှိရာ အရပ်ဆီ မိုင် ၂၀၀ နီးပါးရွှေ့ရမယ်လို့ ပြောပါတယ်။ ဂျိုဝယ်ဗာက “ကျနော့်အိမ်က အရမ်းမိုက်ပါတယ်။ ရိုးရှင်းတဲ့ နေထိုင်မှုပုံစံနဲ့ နေထိုင်နိုင်လို့ ကျေးဇူးလည်း တင်ပါတယ်” လို့ ပြောပါတယ်။ ဓာတ်ပုံ - independent.co.uk  

A d v e r t i s e m e n t With Us

More News
Up