တကျွန်းကျ ခမာနီခေါင်းဆောင်ဟောင်း ၂ ဦး အယူခံ စတင်ကြားနာ

ခီယူး ဆမ်းဖန်း(၀ဲ) နှင့် နွန်ချွာ။ (ဓာတ်ပုံ - ရိုက်တာ)
2.1K
သေဒဏ်ပေးခံထားရတဲ့ ခမာနီခေါင်းဆောင်ဟောင်း ၂ ဦးရဲ့ အယူခံကို ကုလသမဂ္ဂ ကျောထောက်နောက်ခံ ပေးထားတဲ့ ကမ္ဘောဒီးယား တရားရုံးမှာ ဇူလိုင် ၂ ရက်နေ့က စတင် ကြားနာပါတယ်။
ဘရားသား နံပါတ် ၂ အဖြစ် သိကြတဲ့ ခမာနီခေတ် လွှတ်တော်ဥက္ကဋ္ဌဟောင်း နွန်ချွာ (Nuon Chea) နဲ့ ခမာနီအစိုးရခေတ်က သမ္မတဟောင်းဖြစ်တဲ့ ခီယူး ဆမ်းဖန်း (Khieu Samphan) တို့ရဲ့အမှု ဖြစ်ပါတယ်။
သူတို့နှစ်ယောက်ဟာ ကမ္ဘောဒီးယားမှာ ၁၉၇၀ ပြည့်လွန်နှစ်တွေက လူတွေ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရတဲ့ လူသတ်ကွင်း တော်လှန်ရေးမှာ ပါဝင် ပတ်သက်ခဲ့တဲ့အတွက် ၂၀၁၀ ခုနှစ် စက်တင်ဘာကတည်းက တသက်တကျွန်းထောင်ဒဏ် ချမှတ်ခံထားရသူတွေ ဖြစ်ပါတယ်။
ဇူလိုင် ၂ ရက်နေ့ တရားခွင်ကတော့ ခမာနီခေါင်းဆောင် ၂ ဦးရဲ့အယူခံ လျှောက်ထားမှုအတွက် ပထမဆုံး ကြားနာတာဖြစ်ပြီး မျက်မြင်သက်သေ ၃ ဦးကို စစ်ဆေးပါတယ်။
ပိုပေါ့ ခေါင်းဆောင်တဲ့ ခမာနီခေတ်မှာ လူပေါင်း ၁ သန်း ၇ သိန်းကနေ ၂ သန်း ၂ သိန်းလောက်အထိ အလုပ်ကြမ်းစခန်းမှာ အငတ်ဘေး၊ ညှဉ်းပန်းနှိပ်စက်ခံရတဲ့ဒဏ်၊ ရောဂါဘယတွေကြောင့် သေဆုံးခဲ့ပါတယ်။
ဘရားသား နံပါတ် ၁ လို့ သိကြတဲ့ ပိုပေါ့ကတော့ ၁၉၉၈ ခုနှစ်က ကွယ်လွန်သွားခဲ့ပါတယ်။