A d v e r t i s e m e n t With Us

နောက်ဆုံးရ ဘောလုံးသမား အပြောင်းအရွှေ့ သတင်းများ

ဒီဂီယာ။ (ဓာတ်ပုံ - ရိုက်တာ)
သြဂုတ်လမှာ ဘောလုံးပြိုင်ပွဲတွေ ပြန်စမယ့်အချိန် နီးလာတာနဲ့အမျှ ဥရောပတ၀န်းက ကလပ်အသင်းတွေက ကစားသမားတွေကို အပြိုင်ချိတ်ဆက်ခေါ်ယူ လာပါတယ်။ အင်္ဂလန်၊ ဝေးလ်နဲ့ စကော့တလန် နွေရာသီ အပြောင်းအရွှေ့ကာလကို  ဇူလိုင် ၁ ရက်က နေစပြီး စက်တင်ဘာ ၁ ရက်ကို နောက်ဆုံးနေ့အဖြစ် သတ်မှတ်ထားပါတယ်။ ဒီအတွက် ကစားသမား အပြောင်းအရွှေ့တွေ ပိုမို သက်ဝင်လာမှာ ဖြစ်ပါတယ်။ ကလပ်အသင်းတွေက ခေါ်ယူရာမှာ ကစားသမားတွေ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုး ထွက်ပေါ်နေပါတယ်။ လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်းတွေထဲမှာ ကစားသမား ၆ ဦးအထိ ခေါ်ယူထားတဲ့ လီဗာပူးအသင်းကတော့ ကစားသမား ခေါ်ယူရာမှာ ခြေသွက်လက်သွက်ဖြစ်နေတဲ့ အသင်းလို့ ပြောရင် မှားမယ် မထင်ပါဘူး။ မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ပီအက်စ်ဗွီ အိုင်ဟိုဗန်က ကစားသမား ဒီပေးကို ပေါင် ၃၁ သန်းနဲ့ ခေါ်ယူထားတဲ့အတွက် လက်ရှိ အချိန်အထိ ကစားသမားတဦးကို ဈေးအကြီးဆုံး ပေးပြီး ခေါ်ယူထားတဲ့ ကလပ်တခု ဖြစ်နေပါတယ်။ ဒါ့အပြင် မန်ယူရဲ့ ဂိုးသမား ဒီဂီယာကို စပိန် လာလီဂါက ရီးရဲလ်မက်ဒရစ်က ချိတ်ဆက်နေတာတွေ၊ အီတလီ စီးရီးအေ ဂျူဗင်တပ်စ်က ပေါ့ဘာ ဘယ်အသင်းကို ရောက်မလဲဆိုတဲ့ သတင်းတွေကလည်း ဘောလုံးပရိသတ်တွေ စိတ်ဝင်စားမှု ပိုမြင့်တက်စေပါတယ်။ ဒီအတွက် ကစားသမားတွေနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ နောက်ဆုံးရ ကစားသမား အပြောင်းအရွှေ့ သတင်းများကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။ ဒီဂီယာ အင်္ဂလန် မန်ချက်စတာ ယူနိုက်တက် အသင်းက ပေါင် ၃၅ သန်းတန် ဂိုးသမား ဒီဂီယာနဲ့ ဆက်လက်ညှိနှိုင်းတော့မှာ မဟုတ်ဘူးလို့ ဒေးလီးမေလ်ရာ သတင်းက ရေးပါတယ်။ စပိန်က သတင်းတွေမှာတော့ အသက် ၂၄ နှစ်အရွယ် ဂိုးသမားအတွက် မန်ယူက တောင်းထားတဲ့ ဈေးကို ပေါင် ၂၅ သန်းအထိ လျော့ချလိုက်တယ်လို့ ဆိုပါတယ်။ ဇူလိုင် ၂ ရက်က ဒီဂီယာဟာ စပိန်နိုင်ငံ မက်ဒရစ်မြို့ကို အနားယူဖို့ ရောက်ရှိနေသလို ရီးရဲလ်ကို ပြောင်းဖို့ကတော့ မနီးစပ်သေးဘူးလို့ ပြောဆိုတဲ့အကြောင်း စပိန်မီဒီယာတွေက ဖော်ပြနေပါတယ်။ မန်ချက်စတာ ယူနိုက်တက် ညာနောက်ခံလူနေရာကို ဖြေရှင်းဖို့ အဲဗာတန် အသင်းက ရှေးမတ် ကိုမန်ကို မန်ယူအသင်းနည်းပြ ဗန်ဂါးက အလိုရှိနေပါတယ်။ အဲဗာတန်အသင်းကတော့ အိုင်ယာလန် နောက်ခံလူ ကိုမန်ဟာ ရောင်းချမယ့်လူ မဟုတ်သလို မန်ယူက အချိန်မဖြုန်းဖို့ တုံ့ပြန်ခဲ့ပါတယ်။ မန်ယူကတော့ ဂျော်နီ အီဗန်ကိုပါ အလိုက်ပေးပြီး ကိုမန်ကို ခေါ်ယူရေး ကြိုးစားနေပါတယ်။ အီဗန်နဲ့ မန်ယူအသင်း စာချုပ်သက်တမ်းပြည့်နေပေမယ့် စာချုပ်ဆက်ချုပ်ရေး ကမ်းလှမ်းထားခြင်းမရှိပါဘူး။ ဗန်ဂါးက မန်ယူနောက်တန်းကို အခိုင်အမာ တည်ဆောက်ချင်တဲ့ ဆန္ဒရှိနေသလို ရီးရဲလ် အသင်းနောက်ခံလူ ဆာဂျီအို ရာမို့စ်ကို ပစ်မှတ်ထားနေပါတယ်။ ဒန်နီအဲလ်ဗက်စ်နဲ့ နသတ်နီရယ် ကလိုင်းကို ခေါ်ယူနိုင်ခဲ့ခြင်း မရှိတဲ့နောက် အခုလို ထပ်မံကြိုးစားလာတာ ဖြစ်ပါတယ်။ [caption id="attachment_100781" align="alignleft" width="300"] ဓာတ်ပုံ - ရိုက်တာ ရှဝိန်း စတိုင်ဂါ။ (ဓာတ်ပုံ - ရိုက်တာ)[/caption] ဒါ့အပြင် မန်ယူဟာ ဂျာမနီနဲ့ ဘိုင်ယန်မြူးနစ် အလယ်တန်း ကစားသမား ရှဝိန်းစတိုင်ဂါကို ပေါင် ၁၀ သန်းနဲ့ ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ဘိုင်ယန်နည်းပြ ဂွာဒီယိုလာကလည်း စတိုင်ဂါအနေနဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက်တွေ အလျှင်အမြန်ချမှတ်ဖို့ တောင်းဆိုထားပါတယ်။ မန်ယူအသင်းက ဆောက်သမ်တန် အလယ်တန်းလူ မော်ဂန် ရှနိုက်ဒါလင်းကို ပေါင် ၂၀ သန်းနဲ့ ကမ်းလှမ်းနေတယ်လို့ မန်ချက်စတာ ညနေခင်း သတင်းက ရေးပါတယ်။ ဆောက်သမ်တန်အသင်းကတော့ ပေါင် ၂၅ သန်းအထိ တောင်းထားပြီး ဒီဈေးမရရင် လက်လွှတ်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဗန်ဂါးကလည်း ရာသီကြို အမေရိက ခရီးစဉ် မသွားခင် ပြင်သစ်ကစားသမားကို ခေါ်ယူဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါ့အပြင် မန်ယူအသင်းဟာ စပိန် အက်သလက်တီကို မက်ဒရစ်အသင်းက အာဒါ တူရန် ကို ချဲလ်ဆီးအသင်းနဲ့ အပြိုင်ချိတ်ဆက်နေပါတယ်။ တူရန်ကလည်း လူမှုရေးကွန်ရက် တွစ်တာမှာ ဘာစီလိုနာကိုပြောင်းဖို့ နီးနေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ထားပါတယ်။ ချဲလ်ဆီး ချဲလ်ဆီးအသင်းကလည်း ဂျာမနီ ဘွန်ဒစ်လီဂါ စတူးဂတ် အသင်းက နောက်ခံလူ အန်တိုနီယို [caption id="attachment_100782" align="alignright" width="300"]အန်တိုနီယို ရူဒီဂါ။ (ဓာတ်ပုံ- ရိုက်တာ) အန်တိုနီယို ရူဒီဂါ။ (ဓာတ်ပုံ- ရိုက်တာ)[/caption] ရူဒီဂါကို နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ကြိုးစားနေပါတယ်။ ဒါပေမယ့် အသက် ၂၂ နှစ် ကစားသမားကတော့ ဂျာမနီမှာပဲ ဆက်နေဖို့ ဆန္ဒရှိနေပါတယ်။ သတင်းတွေ အရ ၀ုဖ်ဘတ်က ဒီကစားသမားကို ပေါင် ၁၂ ဒသမ ၇ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီထားပေမယ့် စတူးဂတ်အသင်းက မီးစိမ်းမပြသေးဘူးလို့ ဆိုပါတယ်။ လက်စတာ တခြားအသင်းတွေ ကစားသမားခေါ်ယူနေစဉ်မှာ လက်စတာစီးတီး အသင်းကတော့ ဒတ်ခ်ျ လူမျိုးနည်းပြ ဂုစ်ဟစ်ဒင့်ကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ လက်စတာ မာစီသတင်းက ရေးပါတယ်။ နည်းပြဟောင်း နီဂယ် ပီရာဆန်နေရာကို အစားထိုးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ဟစ်ဒင့်ဟာ ရီးရဲလ်နဲ့ ချဲလ်ဆီး အသင်းတွေမှာ နည်းပြခဲ့ဖူးသလို ဟော်လန် အသင်းကို ကိုင်တွယ်ခဲ့တဲ့ အတွေ့အကြုံရှိတဲ့ နည်းပြတဦးလည်း ဖြစ်ပြီး ဇွန် ၂၉ ရက်က ဟော်လန် အသင်းကနေ နုတ်ထွက်ထားတာ ဖြစ်ပါတယ်။ နယူးကာဆယ် အင်္ဂလန် ပရီးမီးယားလိဂ် အသင်းတွေ ကစားသမားတွေကို ခေါ်ယူနေပေမယ့် နယူးကာဆယ် အသင်းကတော့ ကစားသမား တဦးကိုမှ ခေါ်ယူထားခြင်းမရှိသေးပါဘူး။ ဒီအတွက် အသင်းနည်းပြ မက်ကလာရင်က စိတ်ရှည်ကြဖို့ အသင်းကို ထောက်ခံ အားပေးသူတွေကို ပြောဆိုခဲ့ပါတယ်။ မက်ကလာရင်ဟာ နယူးကာဆယ်နည်းပြဖြစ်ပြီး သီတင်း ၂ ပတ်ခွဲနီးနီးကို လေ့ကျင်ရေးကွင်းမှာပဲ ကုန်ဆုံးစေတဲ့အတွက် အသင်းပရိသတ်တွေက အားမလို အားမရ ဖြစ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် လီဗာပူးတိုက်စစ်မှူး မာရီယို ဘာလော့တယ်လီကို ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေကိုလည်း သူက ငြင်းဆိုထားပါတယ်။ အက်စ်တွန်ဗီလာ အက်စ်တွန်ဗီလာဟာ ပြင်သစ် လိုင်လီက အလယ်တန်းကစားသမား အဒီဆာဂွီရေးကို ပေါင် ၉ သန်းနဲ့ ခေါ်ယူဖို့ သဘောတူလိုက်ပါတယ်။ ကလပ် ၂ သင်း သဘောတူညီခဲ့ပြီးနောက်  အသက် ၂၅ နှစ်ရှိ ဆီနီဂေါ ကစားသမားအနေနဲ့ ဆေးစစ်တာတွေ လုပ်ဆောင်ဖို့ပဲ ကျန်ရှိပါတယ်။ အက်စ်တွန်ဗီလာဟာ အဲဗာတန်၊ ဆောက်သမ်တန်အသင်းတွေနဲ့ အပြိုင် အန်ဒါလက်ခ်ျက ဘယ်လ်ဂျီယံ ကစားသမား ဒင်းနစ် ပါရက်ကို ၀ယ်ယူနိုင်ရေး ကြိုးစားနေပါတယ်။ ပါရက်က အန်ဒါလက်ခ်ျကနေ ဒီနှစ်နွေမှာ ထွက်ခွာဖို့ လုပ်ဆောင်နေသလို ဒီအလယ်တန်းကစားသမားကို ဗီလာက ကမ်းလမ်းလှမ်းမှုတွေ လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် ဗီလာက အင်္ဂလန် လက်ရွေးစင်ဟောင်း နောက်ခံလူ မီကာ ရစ်ချတ်ကို ၄ နှစ်စာချုပ်နဲ့ ခေါ်ယူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up