A d v e r t i s e m e n t With Us

ယီမင်တွင် ဟူသီပြည်သူ့စစ် ပစ်ခတ်မှုကြောင့် ၁၈ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက် အစောပိုင်းက ရှီးယားမွတ်စလင် ဟူသီပြည်သူ့စစ်တွေ လက်နက်ကြီးတွေနဲ့ မြို့ထဲကို ပစ်ခဲ့လို့ လူ ၁၈ ယောက် သေဆုံးကြောင်း ယီမင်နိုင်ငံတောင်ပိုင်း အေဒင်မြို့က ဒေသခံအရာရှိတွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။ မြို့မြောက်ပိုင်း လယ်ကွင်းထဲမှာ တပ်ချထားတဲ့ ဟူသီတွေက မော်တာကျည်တွေနဲ့ ပစ်ခဲ့ပုံရကြောင်း၊ ဟိုတယ်တလုံးထဲမှာ ခိုလှုံနေတဲ့လူ ၇ ဦး ဈေးထဲကလူ ၁၁ ဦး သေဆုံးတယ်လို့ အေဒင်မြို့ မန်စူရာခရိုင်က ဒေသခံတွေက ပြောပါတယ်။ ယီမင်နိုင်ငံ အစိတ်အပိုင်း အများအပြားကို သိမ်းပိုက်ခဲ့တဲ့ ဟူသီမြောက်ပိုင်း တိုက်ခိုက်ရေးသမားတွေဟာ အေဒင်မြို့ကို မတ်လက စီးနင်းခဲ့လို့ အေဒင်မှာ ခိုလှုံနေတဲ့ သမ္မတ မန်ဆူးဟာဒီဟာ ဆော်ဒီအာရေဗျနိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။ အဲဒီကစပြီး အေဒင်မြို့မှာ ဟာဒီနဲ့ မဟာမိတ် ဒေသခံ တိုက်ခိုက်ရေးသမား ဟူသီတွေကြား လက်နက်ကိုင် ပဋိပက္ခတွေ နေ့တိုင်းလို ဖြစ်နေခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ လူတွေလည်း သေဆုံး ဒဏ်ရာရခဲ့ကြပါတယ်။ တိုက်ခိုက်မှုအတွင်း လူအယောက် ၃၀ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံအရာရှိတွေက ပြောပါတယ်။ ဟူသီ အရာရှိတွေကိုတော့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ဆက်သွယ်လို့ မရသေးပါဘူး။ လူ ၁ သန်းကျော် နေထိုင်တဲ့ အေဒင်မြို့ဟာ စားနပ်ရိက္ခာ၊ လောင်စာနဲ့ ဆေးဝါးအထောက်အပံ့ ပြတ်လပ်မှုကို ရင်ဆိုင်နေရပါတယ်။ ဆင်းရဲမွဲတေမှုနဲ့ ဆာလောင်မွတ်သိပ်မှုကို ကာလကြာရှည် ရင်ဆိုင်နေရတဲ့ ယီမင်နိုင်ငံမှာ ဟူသီနဲ့ သမ္မတ ဟာဒီရဲ့ မဟာမိတ်တွေကြား စစ်ပွဲ ပေါ်ပေါက်ခဲ့ပြီးကတည်းက လူသားချင်း စာနာမှု အကျပ်အတည်းတွေ အပြည့်အဝ ကျရောက်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up