A d v e r t i s e m e n t With Us

ဖမ်းထားသည့် ဖီဖာအရာရှိ ၇ ဦး လွှဲပေးရန် အမေရိကန် တောင်းဆို

ဓာတ်ပုံ - အေအက်ဖ်ပီ
မေလက အကျင့်ပျက်ခြစားမှုနဲ့ စွဲဆိုဖမ်းဆီးထားတဲ့ ဖီဖာအရာရှိ ၇ ဦးကို အမေရိကန် ပြည်ထောင်စုထံ လွှဲပြောင်းပေးဖို့ တောင်းဆိုထားတယ်လို့ ဆွစ်ဇာလန် အရာရှိတွေက ပြောပါတယ်။ ဇူလိုင် ၁ ရက်က တရားဝင်တောင်းဆိုတဲ့ စာကို ပေးပို့ထားပြီး ရက် ၄၀ အတွင်း လွှဲပြောင်းပေးဖို့ သတ်မှတ်ထားတယ်လို့ ဆွစ်ဖက်ဒရယ် တရားရုံး (အက်ဖ်အိုဂျေ) က ပြောပါတယ်။ လွှဲပြောင်းပေးဖို့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ဇူးရစ်ရဲတပ်ဖွဲ့က ဖီဖာအဖွဲ့ဝင် ၇ ဦးထံက ကြားနာမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အပြစ်ရှိကြောင်း တွေ့ရှိရရင် ထောင်ဒဏ် နှစ် ၂၀ ကျခံနိုင်တဲ့ အဖွဲ့ဝင် ၇ ဦးကတော့ ကနဦးကတည်းက လွှဲပြောင်းပေးဖို့ ငြင်းဆန်ထားပါတယ်။ ဒီအရာရှိတွေနဲ့ ရှေ့နေတွေက တောင်းဆိုချက်ကို တုံ့ပြန်ဖို့အတွက် ၁၄ ရက် အချိန်ရမှာသလို အခြေအမြစ် ခိုင်ခိုင်လုံလုံ ရှိရင်တော့ သတ်မှတ်ရက်ကို ထပ်တိုးပေးဖို့ တောင်းဆိုနိုင်မှာလို့ အက်ဖ်အိုဂျေ ထုတ်ပြန်ချက်က ရေးပါတယ်။ ဒီနောက်မှာတော့ လွှဲပြောင်းရေးအတွက် အက်ဖ်အိုဂျေက ဆုံးဖြတ်ပြီး သီတင်းပတ် အနည်းငယ်မှာ တုံ့ပြန်သွားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အက်ဖ်အိုဂျေရဲ့ ဆုံးဖြတ်ချက်ကို ဖက်ဒရယ် ဒုစရိုက် တရားရုံးနဲ့ ဖက်ဒရယ် တရားရုံးချုပ်မှာ ထုချေနိုင်တယ်လို့ ဆိုပါတယ်။ ဇူးရစ်မှာ အကျင့်ပျက်ခြစားမှုနဲ့ စွဲဆိုခံထားရတဲ့ ဖီဖာအရာရှိ ၁၄ ဦးထဲက  ထိပ်တန်းအရာရှိ ၇ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဒီ ၇ ဦးဟာ အမေရိကန် တရားရေးဌာနက အကျင့်ပျက် ခြစားမှုနဲ့ စွဲဆိုထားတဲ့ ၁၄ ဦးထဲမှာ ပါဝင်နေသလို အမေရိကန် စုံစမ်းစစ်ဆေးရေး ဖက်ဒရယ်ဗျူရိုကလည်း အဓိက စုံစမ်းစစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။ ဖမ်းဆီးထားတဲ့ ဖီဖာ အရာရှိ ၇ ဦးကတော့ ကေမန်ကျွန်းက ဖီဖာ ဒု-ဥက္ကဋ္ဌ ဂျက်ဖရေးဝက်၊ ဥရုဂွေးက ဖီဖာ ဒု-ဥက္ကဋ္ဌဟောင်း ယူဟဲနီ ဖီဂွယ်ရဲဒို၊ ကော်စတာရီက ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အက်ဂွာဒို လီ၊ ဘရာဇီးဘောလုံးအဖွဲ့ချုပ် အကြီးအကဲဟောင်း ဂျိုဆေး မာရီယာ မာရင်၊ ဗင်နီဇွဲလားဘောလုံးအဖွဲ့ချုပ် အကြီးအကဲ ရာဖေး အက်စကီဗဲလ်လီနဲ့ ဖီဖာဝန်ထမ်း ဂျူလီယို ရိုချာနဲ့ သမုဒ္ဒရာပိုင်းဇုန် ကွန်ကာအက်ဖ် ဥက္ကဋ္ဌအတွက် အလုပ်လုပ်ပေးနေတဲ့  ကော့စတပ် တာပ်ကစ်တို့ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up