A d v e r t i s e m e n t With Us

ဆီးရီးယားတပ် တိုက်ကီဗုံးများဖြင့် တိုက်ခိုက်မှု ရုပ်သံ ထွက်ပေါ် (ရုပ်သံ)

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ အနီးတ၀ိုက်မှာရှိတဲ့ နယ်မြေ အတော်များများကို ဆီးရီးယား စစ်တပ်က တိုင်ကီဗုံးတွေနဲ့ တိုက်ခိုက်ခဲ့ပုံတွေကို ရိုက်ကူးထားတဲ့ ဗွီဒီယိုတွေ လူမှုကွန်ရက်မီဒီယာပေါ်ကို ရောက်နေပါတယ်။ ဆီရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ အဆိုအရ တိုင်ကီဗုံးတွေကြောင့် အယ် ဆာလီဟမ် နယ်မြေမှာ လူ ၁၁ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။ အလက်ပိုမြို့ အနီးတ၀ိုက်ဟာ အစိုးရတပ်နဲ့ အိုင်အက်စ် စစ်သွေးကြွအဖွဲ့တို့ စစ်မက်ဖြစ်ပွားရာ နယ်မြေ ဖြစ်ပါတယ်။ စောင့်ကြည့်ရေးအဖွဲ့ရဲ့ အဆိုအရ မာစာကန် ဟာနာနိုနယ်မြေမှာရှိတဲ့ ဓာတ်အားပေးစက်ရုံလည်း မီးလောင် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ ဗွီဒီယိုတခုမှာ အရပ်သားတယောက်က ဓာတ်အားပေးစက်ရုံ မီးလောင်လို့ မီးသတ်သမားတွေက မီးငြှိမ်းသတ်ခဲ့ရတဲ့အကြောင်းကို ပြောပြထားပါတယ်။ နောက် ဗွီဒီယိုတခုမှာလည်း သူပုန်တွေက ဒါရာမြို့နားမှာ လှုပ်ရှားနေတဲ့ ပုံရိပ်တွေ ပါဝင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up