စစ်သွေးကြွအယောက် ၁၀၀ သုတ်သင်လိုက်ဟု အီဂျစ်စစ်တပ် ကြေညာ

ဂရပ်ဖစ် - အေအက်ဖ်ပီ
3.2K
အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်ဒေသ မြောက်ပိုင်းမှာ စစ်သွေးကြွ အယောက် ၁၀၀ ကို သုတ်သင်လိုက်တယ်လို့ အီဂျစ်စစ်တပ်က ကြေညာပါတယ်။
စစ်သွေးကြွတွေက စစ်တပ် စစ်ဆေးရေးဂိတ်တခုကို ၀င်တိုက်ပြီးနောက် စစ်တပ်က စစ်ဆင်ရေးတခု ပြုလုပ်ခဲ့တာပါ။
အီဂျစ်စစ်တပ်ရဲ့ ကြေညာချက်ကို နိုင်ငံပိုင်ရုပ်သံလိုင်းက ထုတ်လွှင့်ရာမှာ စစ်တပ်အရာရှိ ၄ ယောက် အပါအ၀င် စုစုပေါင်း ၁၇ ယောက်လည်း ကျဆုံးပြီး ၁၃ ယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
ဆိုင်းနိုင်းကျွန်းဆွယ် မြောက်ပိုင်းဒေသမှာ အခြေစိုက်တဲ့ စစ်တပ်နဲ့ လေတပ်တို့ ပူးပေါင်း စစ်ဆင်ရေးအတွင်း အကြမ်းဖက်သမား ၁၀၀ ကို သုတ်သင်နိုင်ခဲ့ပြီး အတ်ေများများလည်း ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်သမားတွေ အသုံးပြုတဲ့ ယာဉ် ၂၀ ကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကြေညာပါတယ်။
အခုတော့ ဆိုင်းနိုင်းဒေသ မြောက်ပိုင်းဒေသကို စစ်တပ်က ထိန်းချုပ်ထားနိုင်ပြီလို့လည်း ကြေညာချက်က ဆိုပါတယ်။