သေနတ်ပုံ အိုင်ဖုန်းကာဗာ အမေရိကန်တွင် အငြင်းပွား
ပစ္စတိုသေနတ်နဲ့ ပုံစံတူ ထုတ်လုပ်ထားတဲ့ အိုင်ဖုန်းကာဗာ အသုံးပြုမှုကြောင့် မတော်တဆ မှားယွင်းပစ်ခတ်မှု ဖြစ်လာနိုင်တယ်လို့ အမေရိကန် ရဲတပ်ဖွဲ့နဲ့ သေနတ်ဆန့်ကျင်ရေး လှုပ်ရှားတဲ့သူတွေက ပြောပါတယ်။
JapanTrendShop.com ဆိုတဲ့ ၀က်ဘ်ဆိုဒ်က ပစ္စတိုနဲ့ အလားသဏ္ဌာန်တူတဲ့ အဖြူ၊ ပန်းရောင်နဲ့ အနက်ရောင် အိုင်ဖုန်း ကာဗာတွေကို ၄၉ ဒေါ်လာနဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။
တဦးတယောက်ကိုမှ တကယ်ပစ်လို့မရဘူးဆိုပြီး ဒီဖုန်းကာဗာ ရောင်းချတဲ့ ၀က်ဘ်ဆိုဒ်က ကြေညာထားပါတယ်။
ရဲတပ်ဖွဲ့ အရာရှိတွေရဲ့ သေနတ်နဲ့ မှားနိုင်တဲ့အတွက် ဒီကာဗာ ရောင်းချတာကို တားမြစ်ပေးဖို့ ဝေဖန်သူတွေက ပြောဆိုနေတယ်လို့ နယူးယောက် ဒေးလီးသတင်းက ရေးပါတယ်။
ဒီဖြစ်ရပ်ဟာ တွေ့ဖူးသမျှ ဖြစ်ရပ်တွေထဲမှာ အန္တရာယ်အကြီးဆုံးကိစ္စ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။
ဒီဖုန်းကာဗာကို ရဲတပ်ဖွဲ့ဝင်တွေရှေ့မှာ ထုတ်မိရင် မှားပစ်မိနိုင်တယ်လို့ ရဲတပ်ဖွဲ့ဝင်ဟောင်း တဦးကလည်း ပြောပါတယ်။