A d v e r t i s e m e n t With Us

ရုရှားတွင် ယောဂသင်တန်း ပိတ်ပင်ခံရ

ဓာတ်ပုံ - The Moscow Times
ရုရှားနိုင်ငံအလယ်ပိုင်း နစ်ဇ်နာဗာတော့ခ်စ်မြို့ အာဏာပိုင်တွေက ဘာသာရေး ယဉ်ကျေးမှု ပျံ့နှံ့လာတာကို တားဆီးတဲ့အနေနဲ့ ယောဂသင်တန်းကို ပိတ်ပင်တားဆီးခဲ့ပါတယ်။ နစ်ဇ်နာဗာတော့ခ်စ်မြို့ရှိ ယောဂစတူဒီယို ၂ ခုရဲ့ တာဝန်ရှိသူတွေဆီကို မြို့နယ်အာဏာပိုင်တွေက ယောဂသင်တန်း လှုပ်ရှားမှုတွေကို ရပ်ဆိုင်းဖို့ ပေးစာပို့ခဲ့တယ်လို့ မောစကိုတိုင်းမ်စ် သတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီယောဂသင်တန်းကျောင်း ၂ ခုလုံးဟာ ကစားကွင်းနေရာနဲ့ အများပြည်သူတွေ့ဆုံတဲ့ နေရာတွေကို ငှားရမ်းပြီး ယောဂသင်တန်း လှုပ်ရှားမှုအတွက် ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ အားကစားကွင်းထဲက ယောဂသင်တန်းတွေ ရပ်တန့်ဖို့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်ဆိုတာကို စာထဲမှာ ဖော်ပြထားပါတယ်။ နောက်ထပ် စာတစောင်ထဲမှာတော့ ဒီအစီအစဉ်ဟာ ဘာသာရေး ယဉ်ကျေးမှုနဲ့ လှုပ်ရှားမှု အသစ်တွေ ပျံ့နှံ့မလာအောင် ရည်ရွယ်တယ်လို့ ဖော်ပြထားပါတယ်။ ယောဂကျင့်စဉ်ဟာ အသက်ရှူခြင်းနဲ့ ကိုယ်ကာယလေ့ကျင့်ခန်း တွဲဖက်ဆောင်ရွက်တဲ့ နည်းလမ်းတခု ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up