ဗြိတိန် မောင်းသူမဲ့လေယာဉ် အိုင်အက်စ်ယာဉ်များကို ဖျက်ဆီး

ဓာတ်ပုံ - ရိုက်တာ
2.8K
ဗြိတိန် တော်ဝင်လေတပ်က ရိပါ မောင်းသူမဲ့လေယာဉ်ကို သုံးပြီး အီရတ်နိုင်ငံ အနောက်ပိုင်း အိုင်အက်စ် စစ်သွေးကြွတွေရဲ့ ယာဉ်တွေကို ဖျက်ဆီးခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁ ရက်နေ့က ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနက ဖြန့်ချိတဲ့ရုပ်သံထဲမှာ သစ်ပင်တွေရဲ့ အောက်မှာ ရပ်ထားတဲ့ကားကို ပြထားပါတယ်။
ပစ်မှတ်ကို ထိမှန်အောင်ပစ်ဖို့ ငရဲမီး ဒုံးကျည်ကို သုံးခဲ့တာပါ။ ဒေသတွင်း ခုခံကာကွယ်ဖို့ ဒီယာဉ်ကို ဆောက်ထားလေ့ ရှိတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အမေရိကန်နဲ့ မဟာမိတ်တွေဟာ ဇွန် ၂၉ ရက်နေ့က ဆီးရီးယားနဲ့ အီရတ်နိုင်ငံက အိုင်အက်စ် ပစ်မှတ်တွေအပေါ် လေကြောင်းတိုက်ခိုက်မှု ၁၈ ကြိမ် လုပ်ခဲ့တယ်လို့ ပူးတွဲတပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။
ဗျူဟာမြောက်တပ်တွေ၊ ကားတွေနဲ့ တင့်ကားတစီးကို အယ်လ်ဟာစာကာ ဒေသနားက ပတ်ဝန်းကျင်ကို ပစ်မှတ်ထား ပစ်ခတ်ခဲ့တယ်လို့ ပူးတွဲတပ်ဖွဲ့က ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
အီရတ်နိုင်ငံ ဖာလူဂျာ၊ ဘဂ်ဂါဒါဒီ၊ မိုဆူးလ်၊ ဟာဒီသာနဲ့ ဝါလိဒ်တို့မှာ ဥမင်စနစ်တခုကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှု ၉ ကြိမ် လုပ်ခဲ့ပါတယ်။
ဗြိတိန် လေယာဉ်တွေဟာ ၂၀၁၄ စက်တင်ဘာလကတည်းက အီရတ်နိုင်ငံတွင်းက အိုင်အက်စ် ပစ်မှတ်တွေကို ပစ်မှတ်ထား စစ်ဆင်မှုတွေ လုပ်ခဲ့တာပါ။