Home
မြန်မာသတင်း
ထိုင်းစစ်တပ်နှင့် မူးယစ်ကုန်သည်အဖွဲ့ ပစ်ခတ်မှုဖြစ်
DVB
·
July 2, 2015
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်က မြန်မာနယ်စပ်တနေရာမှာ ထိုင်းစစ်တပ်နဲ့ မူးယစ်ဆေး ၀ါးကုန်သည်တွေကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီး စစ်တပ်ဘက်က စိတ်ကြွဆေး ၁ သိန်း သိမ်းဆည်းရမိခဲ့ပါတယ်။ ချင်းရိုင်းခရိုင် မယ်ဖာ့လုန်မြို့နယ် ထိုတ်ထိုင်းကျေးရွာအုပ်စုထဲမှာ နယ်စပ်ဘက်ကနေ မူးယစ်ဆေးဝါး အချီကြီး ၀င်ရောက်လာဖို့ရှိကြောင်း ကြိုတင်ထောက်လှမ်းသိရှိချက်အရ နယ်မြေခံ ရဲနဲ့စစ်တပ် ပူးပေါင်းပြီး သွားစောင့်ဖမ်းခဲ့တာလို့ အမှတ် ၂ အထူးစစ်ဆင်ရေးတပ်ဖွဲ့က တပ်မှူး ဗိုလ်မှူး ပရဖတ် ဖုပ်ဆုဝမ်းက ဇွန်လ ၃၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်က ထိုတ်ထိုင်းကျေးရွာ အုပ်စု ဖာကျိကျေးရွာအနီး တောထဲမှာ သွားရောက်စောင့်ဆိုင်းစဉ် ည ဆယ်နာရီခွဲအချိန် ကျောပိုးအိတ်နဲ့ သေနတ် ကိုင်ထားတဲ့ လူ ၃-၄ ဦး နယ်စပ်ဘက်ကနေ ၀င်ရောက်လာကြောင်း၊ သူတို့က တားဆီးစစ်ဆေးဖို့ ကိုယ်ယောင်ပြချိန်မှာ အဲဒီလူတွေက အရင်ဆုံး သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှု ၅ မိနစ်ကြာ ဖြစ်ပွားခဲ့ပြီး ကုန်သည်တွေ တောထဲဝင်ရောက်ပျောက် ကွယ်သွားခဲ့တယ်လို့ ဆိုပါတယ်။ အသံတွေ ငြိမ်သက်လို့ နယ်မြေ၀င်ရောက် ရှင်းလင်းရာမှာတော့ သူတို့ပစ်ထားခဲ့တဲ့ ဆာလာအိတ်ထဲကနေ စိတ်ကြွဆေးပြား အထုတ်ပေါင်း ၅၀၊ အလုံးရေ ၁ သိန်းကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းတပ်မှူးက ပြောပါတယ်။ ဒါ့အပြင် အဲဒီနဲ့ မီတာ ၅၀ အကွာမှာ သေနတ်ကျည်ပေါက်ရာနဲ့ အစိမ်းရောင် ကက်ဦးထုတ်တလုံး၊ အနက်ရောင် ဘွတ်ဖိနပ်တဘက်၊ ဆေးဝါးတွေပါလာတဲ့ ကျောပိုးအိတ်တလုံးပါ သက်သေအဖြစ် ဖမ်းဆီးရမိကြောင်း၊ ထွက်ပြေးလွတ်မြောက်သွားသူတွေကိုလည်း  ဖမ်းဆီးအရေးယူနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ တပ်မှူုးက သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024