A d v e r t i s e m e n t With Us

သာယာဝတီထောင်တွင် ကျောင်းသား ၇ ဦး တိုက်ပိတ်ခံရ

သာယာဝတီထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ကျောင်းသားနဲ့ ၀န်းရံ ၇ ဦးကို ဇူလိုင် ၁ ရက်ကစပြီး ထောင်တွင်းတိုက်ပိတ်အပြစ်ပေးလိုက်ပါတယ်။ ထောင်တွင်းကို သယ်ယူခွင့်ပိတ်ပင်ထားတဲ့ ဆေးလိပ်နဲ့ ကွမ်းယာ သယ်ယူတာကြောင့် ၁ ဦးကို ၂ ပတ်ကနေ ၆ ပတ်အထိ တိုက်ပိတ်အရေးယူအပြစ်ပေးလိုက်တာလို့ ကျောင်းသားအရေး လိုက်လံလုပ်ဆောင်ပေးနေတဲ့ သာယာဝတီမြို့ခံ ကိုစိုးနိုင်ဦးက ပြောပါတယ်။ “ဆေးလိပ်နဲ့ကွမ်းယာပိတ်ထားတာ ယူသွင်းလို့၊ ပထမတကြိမ် သတိပေးခံထားတဲ့သူကို ၂ ပတ်၊ ဒုတိယအကြိမ် သတိပေးခံထားရတဲ့သူကို ၄ ပတ်၊၂ ကြိမ်အထက် သတိပေးခံထားရတဲ့သူကို ၆ ပတ် တိုက်ပိတ်အရေးယူလိုက်တယ်။” တိုက်ပိတ်ခံရတဲ့ ကျောင်းသားနဲ့ ၀န်းရံတွေက သန်းထိုက်၊ အောင်မြင့်ဟန်၊ ကျော်ဇောလင်း၊ ခန့်အောင်၊ ဟိန်းဇော်ဝင်း၊ ရန်နိုင်စိုးနဲ့ကျော်ကျော်ထွန်းတို့ ဖြစ်ကြပါတယ်။ ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းက ကျောင်းသားကျောင်းသူတွေနဲ့ ၀န်းရံသူတွေကို  ရဲတပ်ဖွဲ့ဝင်တွေက အင်အားသုံးရိုက်နှက်ဖြိုခွင်းဖမ်းဆီးပြီး သာယာဝတီထောင်တွင်းချုပ်နှောင် တရားစွဲဆိုထားတာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up