A d v e r t i s e m e n t With Us

ဂျပန်ကာတွန်းသုံးပြီး ထိုင်းရွာသားများ မိုးခေါ် (သတင်းဓာတ်ပုံ)

ထိုင်းနိုင်ငံမြောက်ပိုင်းဒေသက မိုးခေါင်တဲ့ဒဏ်ကို ခံစားနေရတဲ့ ရွာသားတွေက ဂျပန်နာမည်ကျော် ကြောင်ကာတွန်း ဒိုရာမွန်ရုပ်ကို အသုံးပြုပြီး မိုးခေါ်ဆုတောင်းခဲ့ပါတယ်။ ၀မ်လန်း ရွာသားတွေက ဒိုရာမွန်ကာတွန်းရုပ်ကို လှောင်အိမ်ထဲထည့်ပြီး မိုးခေါ်ဆုတောင်းပွဲ လုပ်နေတဲ့ ဓာတ်ပုံကို ဇွန် ၂၈ ရက်က ဒေသခံ ရုပ်မြင်သံကြားရဲ့ လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ တင်ထားခဲ့ပါတယ်။ ခရိုင်တခုလုံး ဆိုးဆိုးဝါးဝါး မိုးခေါင်ခဲ့တဲ့အတွက် ဒေသခံတွေက ရိုးရာဓလေ့နဲ့ မိုးခေါ်ဆုတောင်းပွဲ ပြုလုပ်ကြတယ်လို့ ဒေသခံအရာရှိ ရာတပ်ကန်ဂျန် တနှုက ပြောပါတယ်။ ရိုးရာဓလေ့ပွဲတော် ကျင်းပဖို့အတွက် လိုအပ်တာက ကြောင်အနက်ဖြစ်ပေမယ့် တိရစ္ဆာန် မတော်မတရား လုပ်တယ်ဆိုတဲ့ စွပ်စွဲမှုတွေ ရှိလာနိုင်တဲ့အတွက် ကြောင်အရုပ်ကို ရွာသားတွေက သုံးခဲ့တာလို့ သူက ရှင်းပြပါတယ်။ ကြောင်အရုပ်ကို ရှာဖွေရာမှာ ခက်ခဲတဲ့အတွက် ရွာသားတွေက ဒိုရာမန် ကြောင်ကာတွန်းရုပ်ကို သုံးခဲ့တာလို့ ထိုင်းရတ်သတင်းမှာ ရေးပါတယ်။ ရွာသားတွေက ရွာက အထွတ်အမြတ်ထားတဲ့ နေရာ ၅ ခုကို အရုပ်တွေကို ယူဆောင်ခဲ့ပြီး သူတို့ရဲ့ ရိုးရာဓလေ့ကို ဆောင်ရွက်ပေမယ့် မိုးမရွာခဲ့ပါဘူး။ ဒါပေမယ့် ဒီရိုးရာယုံကြည်မှုက သူတို့ရဲ့ ခံစားမှုကို သက်သာပြီး ရွာသားတွေကို ပျော်ရွှင်စေတယ်လို့ ဆိုပါတယ်။  

A d v e r t i s e m e n t With Us

More News
Up