A d v e r t i s e m e n t With Us

ဂျပန်-မဲခေါင် ယူ ၁၅ ဘောလုံးပြိုင်ပွဲ လာအို – မြန်မာ သရေကျ

ဓာတ်ပုံ - Lao Football Federation
ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ဇူလိုင် ၁ ရက်ကနေ ၃ ရက်အထိ ကျင်းပနေတဲ့ ဂျပန် – မဲခေါင် ယူ-၁၅ ဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ဒုတိယပွဲစဉ်အဖြစ် မြန်မာအသင်းဟာ လာအိုနဲ့ ကစားခဲ့ရာမှာ ၁ ဂိုးစီ သရေကျသွားပါတယ်။ မြန်မာ ယူ-၁၅ အလယ်တန်းကစားသမား ထက်ဖြိုးဝေက မြန်မာအသင်းအတွက် ဂိုးသွင်းယူပေးခဲ့သလို လာအိုအသင်းက ကစားသမား ဇင်နာ လမ်နောင်က သွင်းယူသွားတာ ဖြစ်ပါတယ်။ ဇူလိုင် ၁ ရက် ပထမပွဲစဉ်မှာတော့ မြန်မာအသင်းဟာ ဆန်ဖရီချီ ဟီရိုရှီးမား ယူ ၁၅ အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိထားပါတယ်။ ဒီအတွက် မြန်မာအသင်းဟာ ၂ ပွဲကစား၊ ၁ ပွဲနိုင် ၁ ပွဲသရေကျထားပြီး ၄ မှတ် ရရှိထားပါတယ်။ မြန်မာအသင်းဟာ အုပ်စု (ခ) မှာ ထိုင်း၊ လာအို၊ ဆန်ဖရီချီ ဟီရိုရှီးမား အသင်းတွေနဲ့ ကျရောက်နေပါတယ်။ ဒီအုပ်စုမှာ ထိုင်းအသင်းက ဆန်ဖရီချီ ဟီရိုရှီးမားအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ထားသလို လာအိုအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားပါတယ်။ လာအိုအသင်းက ၂ ပွဲကစား ၁ ပွဲနိုင် ၁ ပွဲသရေ ၄ မှတ်၊ မြန်မာအသင်းက ၂ ပွဲကစား ၁ ပွဲနိုင် ၁ ပွဲသရေနဲ့ ၄ မှတ်ရရှိထားပါတယ်။ မြန်မာနဲ့ လာအိုအသင်းတို့ အမှတ်တူနေပေမယ့် ဂိုးကွာဟချက်ကြောင့် မြန်မာက အုပ်စု (ခ) မှာ ဒုတိယနေရာ ရပ်တည်နေပါတယ်။ ဇူလိုင် ၂ ရက်မှာ အုပ်စု (ခ) က မြန်မာအသင်းရဲ့ တတိယပွဲစဉ်အဖြစ် ထိုင်း ယူ ၁၅ အသင်းနဲ့ ကစားမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up