A d v e r t i s e m e n t With Us

အင်္ဂလန်ကိုနိုင်ပြီး ဂျပန် အမျိုးသမီး ကမ္ဘာ့ဖလား ဗိုလ်လုပွဲတက် (ရုပ်သံဟိုက်လိုက်)

ဓာတ်ပုံ - ဖီဖာ
ကနေဒါနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ကမ္ဘာ့ဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ လက်ရှိချန်ပီယံ ဂျပန်က အင်္ဂလန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်သွားပါတယ်။ ဂျပန်အသင်းအတွက် ဂိုးတွေကို ပွဲချိန် ၃၃ မိနစ်မှာ မီယာမာက ပင်နယ်တီကနေ တဆင့် သွင်းယူခဲ့သလို အင်္ဂလန် အသင်းကတော့ ပွဲချိန် မိနစ် ၄၀ မှာ ပင်နယ်တီကနေတဆင့် ဖာရာ ၀ီလီယံက သွင်းယူသွားပါတယ်။ ဒီအတွက် ပထမပိုင်းမှာ ၁ ဂိုးစီသရေကျခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ၂ သင်းစလုံးဟာ ကစားအားကို အရှိန်မြှင့်ကစားခဲ့ပေမယ့် ဂိုးသွင်းနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒုတိယပိုင်း ပြီးခါနီး မိနစ် ၉၀ ကျော် နာကျင်အချိန်ပိုမှာ အင်္ဂလန်နောက်ခံလူ လော်ယာ ဘာဆက်က ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့အတွက် ဂျပန်အသင်း အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။ ဂျပန်အသင်းက ဘောလုံးပိုင်ဆိုင်မှု ၅၈ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမယ့် အင်္ဂလန်အသင်းက ဂိုးသွင်းဖို့ အခွင့်အရေး ပိုမိုရရှိခဲ့ပါတယ်။ ဇူလိုင် ၅ ရက် ဗိုလ်လုပွဲမှာတော့ ဂျပန်အသင်းဟာ အမေရိကန်နဲ့ ကစားရမှာဖြစ်သလို ဇူလိုင် ၄ ရက်မှာ အင်္ဂလန်အသင်းကတော့ ဂျာမနီနဲ့ တတိယနေရာလုပွဲ ကစားရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up