A d v e r t i s e m e n t With Us

မူးယစ်ဆေးနှိမ်နင်းရေး မြန်မာအပါအ၀င် ၃ နိုင်ငံ ဆွေးနွေး (ရုပ်သံ)

ထိုင်း-မြန်မာနယ်စပ်တွင် မူးယစ်ဆေးဝါးများ ဖမ်းမိစဉ်
နယ်စပ်ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ မူးယစ်ဆေးဝါး ပြဿ     နာနဲ့ ပတ်သက်ပြီး ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား သုံးနိုင်ငံပူးပေါင်းတဲ့ ဆွေးနွေးပွဲ တခုပြုလုပ်ခဲ့ပါတယ်။ အာဆီယံ ဒေသအတွင်းမှာ AEC အာဆီယံ စီးပွားရေးအသိုက်အဝန်း ပေါ်ပေါက်လာတော့မယ့်အပေါ် ဖြစ်ပေါ်လာနိုင်တဲ့ နယ်စပ်မူးယစ်ဆေးဝါးကုန်ကူးပြဿ နာတွေနဲ့ တခြားနယ်စပ်ပြဿ နာတွေဖြစ်တဲ့ လူကုန်ကူးမှု ပြဿ    နာတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတာပါ။ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီယား သုံးနိုင်ငံက နယ်စပ် ဆက်ဆံရေးရုံးတာဝန်ရှိသူတွေဟာ ဇွန် ၃၀ ရက်နေ့က မြဝတီခရိုင်အုပ်ချုပ်ရေးမှူးရုံးမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတွေ အဓိကထုတ်လုပ်တဲ့ နေရာတွေကို နှိမ်နင်းဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေဟာ နယ်မြေခံ အာဏာပိုင်ကို မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ အခွင့်အရေးအပြည့်အ၀ပေးအပ်ထားတာပါ။ မူးယစ်ဆေးတိုက်ဖျက်ဖို့အတွက် ထိုင်းနိုင်ငံတာဝန်ရှိသူတွေဟာလည်း အခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်တာဟာ အကောင်းဆုံးအောင်မြင်မူဖြစ်တယ်လို့ ထိုင်း လုံခြုံရေးဌာန ညွှန်ကြားရေးမှူးကပြောပါတယ်။ AEC ပေါ်ထွန်းလာမယ့်အပေါ် ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယားနိုင်ငံတွေပူးပေါင်းပြီး နယ်စပ်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ပြောပါတယ်။ ထိုင်းနိုင်ငံမှာတော့ အိမ်နီးချင်းနိုင်ငံက ၀င်ရောက်တဲ့ မှုးယစ်ဆေးတွေကြောင့် ထိုင်းအစိုးရက မူးယစ်ဆေးဝါးနဲ့ ပတ်သက်သူတွေကို လက်ရှိမှာ ထိရောက်စွာဆောင်ရွက် နေကြောင်း ပြောပါတယ်။ ဒါ့အပြင် သုံးနိုင်ငံက ကိုယ်စားလှယ်တွေဟာ မဲ့ဆောက်မြဝတီ နယ်စပ်ချစ်ကြည်ရေး တံတားကိုလည်း သွားရောက်လေ့လာခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up