Live
Home
မြန်မာသတင်း
မြန်မာအတွက် ဖွံ့ဖြိုးရေးအကူ ချေးငွေ ယန်း ၂၆ ဘီလီယံခန့် ဂျပန်ပေးအပ်
DVB
·
July 1, 2015
ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေး အကူအညီငွေအဖြစ် ဂျပန်ယန်းငွေ ၂၅ ဒသမ ၈၈၈ ဘီလီယံနီးပါး ချေးငွေ ပေးအပ်လိုက်တယ်လို့ ဇူလိုင် ၁ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ သတင်းထုတ်ပြန်ပါတယ်။ အမေရိကန်ဒေါ်လာ ၂၁၁ သန်းကျော် ပမာဏလောက်နဲ့ ညီမျှတဲ့ ဒီချေးငွေတွေနဲ့ ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု တိုးတက်ရေးစီမံကိန်း၊ သီလ၀ါ အထူးစီးပွားရေးဇုန် အခြေခံအဆာက်အဦ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေအတွက် အသုံးပြုသွားမယ်လို့ ဆိုပါတယ်။ ချေးငွေစာချပ်ကို ဇွန် ၃၀ ရက်နေ့မနက်က နှစ်နိုင်ငံတာဝန်ရှိသူတွေ နေပြည်တော် ဘဏ္ဍာရေး ၀န်ကြီးဌာနမှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အလားတူ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၈ သိန်း ၉ သောင်း ၅ ထောင် တန်ဖိုးရှိ နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်အလုံးရေ ၂ သောင်း ၅ ထောင် ထောက်ပံ့ပေးဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီးလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်တို့  သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024